43

4.8K 328 18
                                    

Uni

ရတု ခုနတုန်းက လူစုခိုင်းကာ စကားပြောနေသော ခေါင်းဆောင်ဖြစ်သူကို ဦးရောင်ဝါလင်းမှန်း သိလိုက်သည်

ထိုလူက ရုတ်တရက် သူ့လူတွေကိုတောင် ဘာမှမပြောပဲ လှည့်ထွက်သွားတာကို မြင်လိုက်ရသည်

'သွားမယ် မာန်'

ရတု ဘေးကမာန့်ကို ပြောလိုက်ပြီး သူကိုယ်တိုင်ကလဲ စခန်းထဲဝင်ရန် လုပ်လိုက်သည်

မာန်ကလဲ ရတုနောက်ကနေ လိုက်ဖို့အလုပ် သူတို့နောက်မှာ တစ်ချိန်လုံး ကျောက်ရုပ်ကြီးလို ရပ်နေသော ဦးမုန်းခန့်ထည်ရဲ့ ညာလက်ရုံးက

'သခင်လေးတို့ ကျွန်တော် သွားလိုက်မယ် ဝန်းရံခဆိုတဲ့ ကောင်လေးကို ကျွန်တော် ခေါ်ခဲ့မယ်'

ထိုလူ့စကားကြောင့် ရတု တစ်ချက်စဥ်းစားကြည့်လိုက်သည်

သူကိုယ်တိုင်လဲ ဦးရောင်ဝါလင်းကို နိုင်ပါ့မလားဟု စိတ်ပူနေတာပဲ ဖြစ်သည်

မာန်ဆိုလျှင်တော့ ပြောမနေနှင့်တော့

ထို့ကြောင့် ထိုလူ့စကားကို ခေါင်းတစ်ချက်ညိမ့်ပြကာ လက်ခံလိုက်သည်

ဘာပဲဖြစ်ဖြစ် ထိုညာလက်ရုံးက ရတုနှင့်မာန့်ထက်စာရင် ဦးရောင်ဝါလင်းကို ယှဥ်နိုင်ပါသည်

ရတု ခေါင်းညိတ်ပြလိုက်သောအခါ ထိုညာလက်ရုံးက စခန်းထဲသို့ ဝင်သွားပြီး ဝန်းရံကို ဖမ်းထားသော အခန်းလေးဆီသို့ တန်းသွားလေသည်

ဦးရောင်ဝါလင်း လှည့်ထွက်လာတဲ့နေရာက ဝန်းရံဆီသို့ ဖြစ်သည်

သူ ဝန်းရံကိုသာခေါ်ပြီး ထွက်ပြေးနိုင်ပါက သူ့စခန်းကို ပေးလိုက်ရလဲ ကိစ္စမရှိချေ

စခန်းကလဲပါဖို့ သေချာနေမှတော့ သူ ဝန်းရံကိုခေါ်ကာ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်

ထိုအတွေးနှင့်အတူ ဝန်းရံရှိသော အခန်းလေးဆီ အမြန်ပြေးလာကာ တံခါးကို တွန်းဖွင့်လိုက်သည်

အခန်းထဲတွင် ဝန်းရံက ကုတင်ပေါ်မှာ ထိုင်နေရင်း ဝင်လာသော ဦးရောင်ဝါလင်းကို ကြည့်နေလေသည်

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now