42

4.8K 343 47
                                    

Uni

တစ်ကယ်တော့ အကုန်လုံး သိထားကြသလိုမျိုး တရားမဝင် လုပ်ငန်းတွေကို ဦးဆောင်သူက ဦးမုန်းခန့်ထည် မဟုတ်ပါ

ဦးမုန်းခန့်ထည်ရဲ့ နောက်တွင် မစ္စတာဂျွန် ရှိနေပါသည်

မစ္စတာဂျွန်က နိုင်ငံသား မဟုတ်၍ သူလက်လှမ်းမမှီတာတွေ ရှိနေသောကြောင့် အပေးအယူ အလဲလှယ် ကိစ္စတွေကို ဦးမုန်းခန့်ထည်ကပဲ ခေါင်းဆောင်ကာ အကုန်လုပ်ရလေသည်

တစ်ကယ့်တစ်ကယ် လုပ်ငန်းအချိတ်အဆက်တွေ အကုန်လုံးကတော့ မစ္စတာဂျွန် လက်ထဲမှာပဲ ဖြစ်သည်

ဦးမုန်းခန့်ထည်ကတော့ အပေါ်ယံ ဦးဆောင်သူသာ ဖြစ်သည်

ဒါကြောင့် ဦးမုန်းခန့်ထည် အကြောင်းတွေကို ရတု စုံစမ်းခဲ့တုန်းက လုပ်ငန်းလုပ်တာတွေပဲတွေ့ပြီး လုပ်ငန်းချိတ်ဆက်ထားတဲ့ နေရာတွေကို မရှာနိုင်ခဲ့ခြင်း ဖြစ်သည်

'ဒါကို ငါ့ရဲ့လက်ဆောင်လို့ သဘောထားလိုက် တစ်ကယ် လုပ်ငန်းတွေကို ချိတ်တဲ့လူက ငါမဟုတ်လို့ ငါကအေးဆေးပဲ စိတ်မပူနဲ့'

ဦးမုန်းခန့်ထည်က ရတုကိုကြည့်ကာ ပြောလိုက်လေသည်

'ဒါနဲ့ ကျွန်​​တော် သိချင်တာလေး တစ်ခုရှိတယ်'

မာနရဲ့အမေးကို ဦးမုန်းခန့်ထည်က ပြောဆိုသော သဘောနှင့် မေးငေါ့ပြလိုက်သည်

'နှင်းပွင့်ဖြူရဲ့ အဖေရင်းကို ဦးလေး သိလား'

မာန ဦးမုန်းခန့်ထည်ကို ဘယ်လိုခေါ်ရမယ်မှန်း မသိကာ သူ့ဒယ်ဒီနှင့် ရွယ်တူလောက်ပဲမလို့ ဦးလေးဟု ခေါ်ချလိုက်သည်

'မင်းပြောတာ ရောင်ဝါလင်းဆိုတဲ့ ကောင်လား'

မာန ဦးမုန်းခန့်ထည် သိလိမ့်မည်ဟု မထင်ခဲ့သော်လဲ သိနေတာကြောင့် အားတက်သွားကာ ဆက်မေးလိုက်သည်

'ရောင်ဝါလင်းဆိုတာ နှင်းပွင့်ဖြူ အဖေရင်းရဲ့ နာမည်လား'

မာနပုံစံက အတော်လေး သိချင်နေတာကြောင့် ဦးမုန်းခန့်ထည်လဲ သူသိသလောက် ပြန်ဖြေပေးလိုက်သည်

'အေးလေ ရောင်ဝါလင်းဆိုတဲ့ ကောင် နှင်းပွင့်ဖြူ အသေးလေးကို ဂျွန်လက်ထဲ ထည့်ခဲ့တုန်းက ငါလဲ ရှိနေတာပဲဟာ'

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now