3

4.4K 587 33
                                    

[Unicode & Zawgyi]

‌ကောင်လေး က ထောင့်လေးမှာ ကိုယ့်ကိုယ်ကို ကွေးကွေးလေးဖက်ထားပြီးတော့ အကူအညီမဲ့မှုတွေ သနားစရာကောင်းမှုတွေအပြည့်ရှိနေတဲ့ နောက်ကျောလေးကိုပဲ ပြထားခဲ့တယ်။ ရန်ဖြစ်တာ ပြီးသွားမှန်း သူသတိထားမိတာကြောင့် ‌ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး ရှန်ဖုန်းယွဲ့ ကို လျှပ်တပြက် ခိုးကြည့်လိုက်တယ်။ပြီးတာနဲ့ သူက ခေါင်းကို မြန်မြန်ပြန်ငုံ့လိုက်တယ်။

အဲဒီ့အချိန်က ခဏလေးပဲကြာလိုက်ပေမဲ့ ရှန်ဖုန်းယွဲ့ရဲ့ စူးရှတဲ့ မျက်လုံးတွေက ရှင်းရှင်းလင်းလင်းကို မြင်လိုက်ရတယ်။

မျက်မှန်အထူကြီး,ရှေ့ဆံပင်အရှည်ကြီး,လျှော်လွန်းလို့ နွမ်းနေတဲ့ကျောင်း၀တ်စုံ:သူက ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ အတန်းဖော်လေးမဟုတ်လားဟ?!

"တောက်_တောက်,တောက်_တောက်" အနီရောင်ရင့်ရင့် သွေးစက်တွေက မြေကြီးပေါ်ကို တစ်စက်ပြီးတစ်စက် ကျနေခဲ့တယ်။

ကောင်လေး က စောစောတုန်းက မဲတစ်လှည့် ပြာတစ်လှည့်ဖြစ်အောင် အရိုက်ခံထားရတာမလို့ မျက်နှာကလည်း ရောင်ကိုင်းနေတဲ့ အပြင် နှာခေါင်းမှာလည်းဒဏ်ရာရသွားတာမလို့ နှာခေါင်းသွေးတောင် လျှံနေတာကို ရှန်ဖုန်းယွဲ့ က မြင်လိုက်တယ်။ကောင်လေး က ခေါင်းကိုငုံ့ထားရင် နှာခေါင်းသွေးလျှံတာ ပိုဆိုးသွားမှာစိုးတာကြောင့် သူက ကပျာကယာနဲ့ ကောင်လေးရဲ့ခေါင်းကို 90 ဒီဂရီ မတ်သွားအောင် ဆွဲမော့လိုက်တယ်။ကျန်တဲ့လက်တစ်ဖက်နဲ့ သူ့ကျောင်း၀တ်စုံအိတ်ကပ်ထဲက တစ်ရှူးကိုထုတ်လိုက်ပြီး
သွေးတွေကို သုတ်ပေးလိုက်တယ်။

အဖြူရောင်ဆွတ်ဆွတ်တစ်ရှူးပေါ်မှာ အနီရဲရဲသွေးတွေစွန်းထင်းသွားတာက မြင်ရတာ အရမ်းကို သိသာလွန်းနေခဲ့တယ်။

တစ်ရှူးက တစ်ရွက်ထဲနဲ့ မလောက်တာကြောင့် ရှန်ဖုန်းယွဲ့ က နောက်တစ်ရွက်ထပ်ထုတ်ပြီး ကောင်လေး ကို ပေးလိုက်တယ်။

သနားစရာကောင်ငယ်လေးက တစ်ရှူးကို နည်းနည်းစီဖြဲလိုက်ပြီး အလိပ်သေးသေးလေးလုပ်ကာ နှာခေါင်းထဲကို ဆို့ထားလိုက်ပြီး ထစ်ထစ်ငေါ့ငေါ့နဲ့ ကျေးဇူးတင်စကားပြောလာခဲ့တယ်;"ကျေး_ကျေးဇူး,ကျေးဇူးတင်ပါတယ်"

ဗီလိန်ကြီးက ငါ့ကို ငမ်းငမ်းတက် လိုချင်နေတာ ကြာပြီတဲ့Where stories live. Discover now