10

2.7K 402 6
                                    

[Unicode & Zawgyi]

ဝေ့ထျန်းဇယ် ထွက်သွားပြီးနောက် ဝမ်းပမ်းတနည်း ငိုကြွေးသံတွေ ရပ်တန့်သွားပြီး ချင်းယွမ် ရဲ့ အမူအရာက ပြောင်းလဲသွားကာ သူ့မျက်နှာပေါ်မှာ အမူအရာနှစ်မျိုး ထွက်ပေါ်လာခဲ့သည်။

မျက်နှာတစ်ဖက်က ဆောက်တည်ရာမရမှုတွေနဲ့ ဝမ်းနည်း ငိုကြွေးနေခဲ့တာဖြစ်ပြီး အခြားတစ်ဖက်က‌တော့  နာကြည်းမှုအပြည့်နဲ့ ရယ်မောနေခဲ့တာဖြစ်သည်။

ထူးဆန်းပြီး ပုံမှန်မဟုတ်တဲ့ မျက်နှာမျိုး။

ပုတီးစေ့တွေလိုမျိုး မျက်ရည်တွေက မျက်၀န်းတစ်ဖက်စီမှ စီးကျလာပြီးတော့ သူ့ပုံသ‌ဏ္ဌာန်က စွန့်ပစ်ခံထားရတဲ့ ကျိုးပဲ့နေတဲ့အရုပ်လေးတစ်ရုပ်နဲ့ တူနေခဲ့ပြီး အခြားမျက်၀န်းတစ်ဖက်ကတော့ ထူးထူးခြားခြား ခြောက်သွေ့နေခဲ့တယ်။ ထိုမျက်၀န်းတစ်ဖက်က မျက်တောင်ခတ်လိုက်ပြီး လက်ကိုမြှောက်ကာ မျက်ရည်တွေကို သုတ်ပစ်လိုက်တယ်။ သူ့ကိုယ်ဟန်အမူအရာက အေးအေးဆေးဆေးနဲ့ ဘာကိုမှ ဂရုမစိုက်တဲ့ပုံပေါ်နေခဲ့တယ်။

ထိုမျက်လုံးပိုင်ရှင်က သူ့မျက်လုံးတွေကို လှည့်လိုက်ပြီး တစ်ဖက်ကိုကြည့်လိုက်ပြီး‌တော့ မနေနိုင်စွာဘဲ စိတ်ပျက်စရာကောင်းနေတဲ့ သူ့အခြားတစ်ဖက်ရဲ့ အသွင်အပြင်ကိုကြည့်ပြီး မထီမဲ့မြင်နဲ့‌ လှောင်လိုက်တယ်။

“ဟား”

အခြားတစ်ဖက်က ဘာမှ ပြန်မတုံ့ပြန်ဘဲနဲ့ မျက်ရည်တွေကိုသာ စီးကျခွင့်ပြုထားခဲ့တယ်။

သူ က တော့လား?သူ့ အခြားတစ်ဖက်ရဲ့ ရူးနှမ်းမိုက်မဲမှုတွေကို  ကျင့်သားရ‌နေပြီလေ။ပြီးတော့ သူက စိတ်ဝေဒနာသည်လို ကယောင်ကတမ်းဖြစ်နေမှန်းလည်း သိတယ်။

" 'တေးသီငှက် ကို ဘယ်သူသတ်ခဲ့တာလဲ?' ဆိုတဲ့အကြောင်းကို မင်းကြားဖူးလား?"

အခြားတစ်ဖက်က အသံမထွက်ဘဲရှိ‌နေဆဲဖြစ်တယ်။

ရုတ်တရက် သူက ထူးဆန်းတဲ့ ကလေးချော့တေး ကို စညည်း‌လိုက်ပြီး သူ့ကိုယ်သူ ပြန်မေးနေသလိုနဲ့ မေးခွန်းတွေ မေးခဲ့တယ်။

"တေးသီငှက်ကို ဘယ်သူသတ်တာလဲ?"

“စာက‌လေး ကပြောတယ် 'အဲဒါ ငါလေ,  ငါ့ရဲ့ လေးနဲ့မြှားတွေနဲ့ တေးသီငှက်ကို သတ်ခဲ့တာ။' ”

ဗီလိန်ကြီးက ငါ့ကို ငမ်းငမ်းတက် လိုချင်နေတာ ကြာပြီတဲ့Where stories live. Discover now