21

1.3K 178 1
                                    

[Unicode & Zawgyi]

အိပ်မက်ကမ္ဘာထဲရှိအိပ်မက်ထဲကို ပြန်ဝင်လာတဲ့အချိန်မှာ ထပ်ပြီး သူတစ်ယောက်တည်း မဟုတ်တော့ဘူး။ သူ့မြင်လွှာထဲကို ၀င်လာတာကတော့ ကြည်လင် အေးချမ်းစွာနဲ့ အိပ်မောကျနေတဲ့ လူငယ်လေးရဲ့မျက်နှာပဲ ဖြစ်တယ်။

လူငယ်က တင်းတင်းစေ့ထားတဲ့ မျက်လုံးတွေဖြင့် လက်နှစ်ဖက်ပေါ်ကို ခေါင်းအုံးကာ လဲလျောင်းနေခဲ့တယ်။ ရှည်လျားပြီး ကော့ညွတ်နေတဲ့ မျက်တောင်များက သူ့မျက်လုံးအောက်တွင် အရိပ်တစ်ခု ကျနေစေတယ်။ သူ့ပါးစပ်ထောင့်များက အနည်းငယ်ကွေးတက်နေပြီး လှပတဲ့ အကွေးအ၀ိုက်‌လေး ဖြစ်နေကာ သူ့အိပ်မက်ထဲတွင် သကြားတွေရှိနေသည့်အတိုင်း ယစ်မူးစွဲမက်ဖွယ်ကောင်းသော ချိုမြိန်မှု‌လေးက သူ့နှုတ်ခမ်းကွေးလေးပေါ်မှာ ထင်ဟပ်နေခဲ့တယ်။

လူတစ်ကိုယ်လုံးက ​မသေ​မျိုးလောကထဲသို့ ​မတော်တဆ နတ်သက်ကြွေလာခဲ့တဲ့ နတ်သားလေးတစ်ပါးလိုမျိုးပင်။

ရှန်ဖုန်းယွဲ့ က နတ်သားလေးဘေးမှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး တစ်ဖက်လူကို လှုပ်ယမ်းလိုက်‌ပေမဲ့ ဘာတုံ့ပြန်မှုမှ ရှိမလာဘူး။ နတ်သားလေးက ဝက်တစ်ကောင်လိုပဲ အိပ်‌မောကျနေလေရဲ့။ ရှန်ဖုန်းယွဲ့ က 'ဒီနတ်သားလေးရဲ့ နှလုံးသားက အရမ်းကို ကြီးမားလိုက်တာနော်၊ ဒီလိုအခြေအနေမျိုးမှာတောင် သူအိပ်ပျော်နိုင်သေးတယ်' လို့ စိတ်ထဲကနေ တိတ်တိတ်လေး ပြောလိုက်တယ်။

လူငယ်လေးရဲ့ ရင်ဘတ်က စည်းချက်မှန်စွာ မြင့်လိုက် နိမ့်လိုက်ဖြစ်နေပြီး သူ့ရဲ့အသက်ရှုသံကလည်း ရှည်လျားလှတယ်။ ရှန်ဖုန်းယွဲ့ နောက်ဆုံးမှာတော့ ဆက်ပြီး သည်းမခံနိုင်တော့ဘဲနဲ့ နတ်သားလေးရဲ့ နှာခေါင်းကို ပိတ်လိုက်ပြီး သူ့ကို နိုးလာစေရန် ကြိုးစားလိုက်တယ်။

မထင်မှတ်ပဲ၊ ဒီလူက အသက်ရှုဖို့အတွက် ပါးစပ်ကို စတင်အသုံးပြုလိုက်ပြီး အိပ်ပျော်နေဆဲပဲဖြစ်သည်။

ရှန်ဖုန်းယွဲ့ က တိတ်တဆိတ်နဲ့ပဲ လူငယ်ရဲ့ပါးစပ်ကိုလည်း  အုပ်ထားလိုက်တယ်။

နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားလိုက်တော့ ဘယ်လိုပဲအသေကောင်လို အိပ်နေတဲ့လူဖြစ်ပါစေ နိုးလာရတော့တာပါပဲ။ လူငယ်က ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက်နဲ့ တစ်ခုခုကိုဝါးနေသလို လှုပ်နေပြီး ရှန်ဖုန်းယွဲ့ရဲ့ လက်ကို ဖယ်ပစ်လိုက်ကာ ထထိုင်လိုက်တယ်။ သူ့မျက်လုံးတွေက တစ်ဝက်ပဲပွင့်နေပြီး အခုထိကို အိပ်ချင်တဲ့စိတ်က ကြီးစိုးထားဆဲပဲ။

ဗီလိန်ကြီးက ငါ့ကို ငမ်းငမ်းတက် လိုချင်နေတာ ကြာပြီတဲ့Where stories live. Discover now