19

1.4K 207 10
                                    

[Unicode & Zawgyi]

System ရဲ့ အစားထိုးစွမ်းရည်က တော်တော်လေးကို ရလဒ်မဆိုးလှဘူး။ ရှန်ဖုန်းယွဲ့ က သူ့ရဲ့ လူငယ်ခွန်အားနဲ့ ဒီအပေါ်မှာ မှီခိုပြီး အဆင်ပြေပြေနဲ့ အရူးမကြီးကို ခွာချနိုင်ခဲ့ကာ အောင်မြင်စွာနဲ့ သစ်လုံးအိမ်ဆီကို ပြန်ရောက်လာခဲ့တယ်။

ရှန်ဖုန်းယွဲ့ က သစ်သားတံခါးရှေ့မှာ အကြိမ်အနည်းငယ်လောက် ဖြည်းဖြည်းချင်း ခေါက်တုံ့ခေါက်ပြန် ဟိုလျှောက်လိုက် သည်လျှောက်လိုက် လုပ်ပြီး သူ့ရဲ့ အသက်ရှူနှုန်းကို ထိန်းညှိပြီးတော့မှပဲ သူ့မှာ လူငယ်လေးကို ကြည့်ဖို့ အချိန်ရှိတော့တယ်။

ရှန်ဖုန်းယွဲ့ က ဒီလူငယ်လေးက အားနည်းတဲ့ကြက်ကလေးနဲ့ တူပြီး အရပ်လည်း သိပ်မရှည်လောက်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အခု သူ့ရှေ့မှာ ရပ်နေတဲ့ လူငယ်လေးကို ကြည့်ပြီး သူသဘောပေါက်လိုက်တာက တကယ်တော့ လူငယ်လေးက အရပ် အရမ်းရှည်တယ်၊ သူ့ထက်တောင် ခေါင်းတစ်လုံးစာ ရှည်နေသေးတယ်။

လူငယ်လေးက သူ့ခေါင်းကို ငုံ့ထားပြီး မျက်လုံးတွေက တစ်နေရာရာကို ကြည့်နေတယ်။ သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်တော့ ရှန်ဖုန်းယွဲ့ရဲ့မျက်လုံးတွေက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ သူတို့နှစ်ဦးသားရဲ့ လက်တွေပေါ်ကို ရောက်သွားတယ်။

ရှန်ဖုန်းယွဲ့ က "အာ!" ခနဲ အော်လိုက်ပြီး ရုတ်တရက် သူ့လက်ကို ပြန်ရုတ်လိုက်တယ်။

တစ်ဖက်လူပိုင်ဆိုင်တဲ့ အနွေးဓာတ်အပူလေးက ပျောက်ကွယ်သွားခဲ့ပြန်တယ်။ လူငယ်ရဲ့လက်ဖဝါးက ခဏမျှတွန့်သွားပြီး သူ့လက်ချောင်းတွေကို ကုတ်ရင်းနဲ့ စိတ်ထဲမှာတော့ ဗလာကျင်းသွားသလို ခံစားလိုက်ရတယ်။

သူလည်း သူ့လက်ကိုသူ ပြန်ယူလိုက်ပြီး မျက်လုံးကို အပေါ်ပင့်ကာ ရှန်ဖုန်းယွဲ့ ကို ကြည့်လိုက်ပြီး ပြီးတာနဲ့ မျက်လွှာကို ပြန်ချလိုက်တယ်။

“အဲဒါက…အဟွတ်” နှာခေါင်းကို လက်ညှိုးဖြင့် ဖွဖွကုတ်ရင်း ရှန်ဖုန်းယွဲ့ က ပေါ့ပေါ့ပါးပါး ချောင်းဆိုးသလိုဟန်ဆောင်လိုက်ပြီး စကားဆက်ပြောတယ် "မင်း အဆင်ပြေရဲ့လား?"

ဗီလိန်ကြီးက ငါ့ကို ငမ်းငမ်းတက် လိုချင်နေတာ ကြာပြီတဲ့Where stories live. Discover now