14

2.9K 378 28
                                    

ရိုလာကိုစတာ စီးကြရအောင်ဗျို့!

[Unicode]

System ရဲ့ စကားသံတွေက သူ့နားထဲမှာ မြည်ဟီးနေဆဲပဲ။ ဘာသက်သေအထောက်အထားမှ မရှိဘဲ ချင်းယွမ် ကို bug လို့ ယူဆလို့ မရဘူးလို့ ရှန်ဖုန်းယွဲ့ က တွေးပေမဲ့လည်း System ရဲ့ စကားတွေက ဗုံးတစ်လုံးလိုပဲ။ မီးတောက်လေးအနည်းငယ် ရှိလာရုံနဲ့ "အုံး" ဆိုပြီး ပေါက်ကွဲသွားနိုင်သည်ပင်။

သံသယ မျိုးစေ့ဆိုတာမျိုးက တစ်ကြိမ်လောက် စိုက်ပျိုးပြီးတာနဲ့ အလျှင်အမြန် အမြစ်တွယ်သွားပြီး အချိန်နဲ့အမျှ ကြီးထွားလာတတ်တယ်‌။

အတန်းပြီးသွားတဲ့ အခါမှာ ရှန်ဖုန်းယွဲ့ က အနားယူချင်ယောင် ဆောင်နေခဲ့တယ်။ ဒါပေမဲ့ တကယ်တော့ သူ တိတ်တိတ်လေး ချင်းယွမ် ကို စောင့်ကြည့်နေတာ ဖြစ်ပြီး သူ့ကို စားပွဲခုံပေါ်မှာ မလှုပ်မယှက်နဲ့ လှဲနေတာကို တွေ့လိုက်ရတယ်။

ရှန်ဖုန်းယွဲ့ "သူ အခုတလော အပြောင်းအလဲ တစ်ခုခုများ ပြသေးလား?"

System က ခေါင်းခါလိုက်ပြီး ပြောခဲ့တယ် "မင်း သတိလက်လွတ် မနေသေးနဲ့ဦး။ ဆက်ပြီးတော့ စုံစမ်း။ ငါလည်း သူ့ကို စောင့်ကြည့်နေမယ်။"

ရှန်ဖုန်းယွဲ့ က System ကို တိတ်တဆိတ် လက်မပေးလိုက်တယ်။ ဒီ System က အရမ်းကို ကောင်းတဲ့ System ပဲလို့ တွေးမိတယ်။ အလုပ်မှာ အရမ်းကို နှစ်မြှုပ်ထားတာပဲ။

ချင်းယွမ် ဒီရက်တွေထဲမှာ ရှန်ဖုန်းယွဲ့ ရဲ့ လှုပ်ရှားမှုတွေကို သတိထားမိတဲ့အပြင် သူ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ခပ်ခွာခွာ နေ,နေတယ်လို့လည်း ခံစားနေရတယ်။ ချင်းယွမ် က စားပွဲပေါ်မှာ အိပ်ချင်ယောင်ဆောင်ကာ လှဲနေခဲ့ပြီး ကြောက်လန့်တကြား ဖြစ်နေခဲ့ကာ သူတို့အကြောင်းတွေ ပေါ်သွားပြီလားလို့ အခြားစိတ်ခွဲတစ်ခုကို မေးနေခဲ့တယ်။

သူ့ရဲ့ အခြားစိတ်ခွဲတစ်ခုက သူ့ကို နားချခဲ့တယ် "အဲဒါနဲ့ ပတ်သတ်ပြီးစိတ်ပူစရာမလိုဘူး။ ငါ့ရဲ့တည်ရှိမှုကို သိတဲ့ ဒီကမ္ဘာက လူတွေအကုန်လုံး သေကုန်ကြပြီ"

ချင်းယွမ် က ခက်ခက်ခဲခဲ နဲ့ ခေါင်းညိတ်လိုက်ပေမဲ့ မတတ်နိုင်စွာဘဲ သူ့စိတ်ထဲမှာ ပျာယာခတ်နေမိတယ်။

ဗီလိန်ကြီးက ငါ့ကို ငမ်းငမ်းတက် လိုချင်နေတာ ကြာပြီတဲ့Where stories live. Discover now