28

621 87 3
                                    

[Unicode & Zawgyi]

စာအုပ်၏နောက်ပိုင်းတွင် ပါ၀င်သည့် အကြောင်းအရာများမှာ စမစ်သ် ပြောပြခဲ့တာတွေနှင့် တော်တော်များများ ကိုက်ညီနေတာကြောင့်၊ ရှန်ဖုန်းယွဲ့ သိပြီးသားတွေပဲ ဖြစ်နေသည့်အတွက် သူ ဖတ်ကြည့်ကာ ဟိုဟိုသည်သည် လှန်ကြည့်ပြီးတဲ့နောက် အာရုံမထားတော့ဘဲနဲ့ ဘေးမှာသာ ချထားလိုက်တော့သည်။

သူ အိမ်ကို သန့်ရှင်းရေးလုပ်တယ်၊ ရေမိုးချိုးတယ်၊ ပြီးတာနဲ့ စောစော အိပ်ရာ၀င်‌လိုက်တော့သည်။

*

နောက်တစ်နေ့မနက်ခင်း၊ နေရောင်ခြည်၏ တောက်ပနေသည့် ပထမဆုံးသော အလင်းတန်းလေးက ပြတင်းပေါက်မှန်ချပ်မှတစ်ဆင့် အိပ်ရာပေါ်က လူသား၏ ပိတ်ထားသည့် မျက်ခွံများပေါ်သို့ သက်ဆင်း ကျရောက်လာခဲ့၏။

ရှန်ဖုန်းယွဲ့ နေရောင်ခြည်နွေးနွေး၏ အပူချိန်ကို ခံစားမိပြီး မဖွင့်ချင်ဖွင့်ချင်ဖြင့် သူ့မျက်လုံးတွေကို အနည်းငယ် ဖွင့်ကြည့်လိုက်သည်။ ရုတ်တရက် ရွှေရောင်အလင်းတန်းက ၀င်ရောက်လာခဲ့ပြီး၊ အိပ်ချင်မူးတူးနဲ့ အဖြူရောင်အရိပ်တစ်ခု ပြတင်းပေါက်ကနေ ဖြတ်သွားတာကို သူ မြင်လိုက်ရတယ်။

ဘယ်လိုသရဲလဲဟ? ရှန်ဖုန်းယွဲ့ က စောင်ကိုဆွဲကာ ခေါင်းမြီးခြုံလိုက်ပြီး တစ်ဖက်ကိုလှည့်ကာ ပြန်အိပ်လေတော့သည်။

System က ရုတ်တရက် ထအော်တော့၏: "ရှန်ဖုန်းယွဲ့! ငှက်တစ်ကောင်က ငါတို့ငါးကို လာခိုးရဲတယ်!"

ရှန်ဖုန်းယွဲ့ တစ်ယောက် ဆတ်ခနဲ ကုတင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ခါးကိုကိုင်းကာ သူ့ခြေထောက်အောက်ရှိ ဖိနပ်ပါးတစ်ဖက်ကို ကောက်ယူလိုက်ပြီး ဖြူဖြူအရိပ်ရှိရာဆီသို့ ကောက်ပေါက်ထည့်လိုက်သည်။ ငှက်က အခုမှ ငါးခြောက်ရဲ့ အမြီးလေးကို ပါးစပ်ဖြင့် ကိုက်ဖမ်းလိုက်တာဖြစ်ပြီး မြဲမြဲမြံမြံတောင် မကိုက်ရသေးခင်မှာပဲ အမျိုးအမည်မသိသည့် အရာဝတ္ထုတစ်ခုက သူရှိရာတည့်တည့်ဆီသို့ ပျံသန်းလာတာကို တွေ့လိုက်ရတယ်။

ချောမွေ့ပျော့ပျောင်းလှသော လှည့်ရှောင်ထွက်လိုက်မှု နှင့်အတူ၊ အရာဝတ္ထုသည် အမွေးအတောင်များကြားမှ ရှပ်ကာပျံသန်းသွားပြီး ငှက်မွေးတစ်မွှေးအား ကျွတ်ထွက်သွားစေခဲ့၏။ ရှန်ဖုန်းယွဲ့ လာနေသည်ကို မြင်သွားပြီး၊ ငှက်လေးက ပြန်လှည့်လာကာ ပြတင်းပေါက်ဘောင်ပေါ်ကို တည့်တည့်ပြုတ်ကျလိုက်ပြီး ဗဟာဗျူဟာကျကျ သေချင်ဟန်ဆောင်လိုက်တော့သည်။

ဗီလိန်ကြီးက ငါ့ကို ငမ်းငမ်းတက် လိုချင်နေတာ ကြာပြီတဲ့Where stories live. Discover now