26[Arc 3_ဟေး,မင်းက ဘယ်အဝါရောင်ငါးပုတ်သင်လေးလဲ?]

1.2K 104 1
                                    

[Unicode & Zawgyi]

အဖြူရောင်အလင်းက အမှောင်ထုကို ထိုးဖောက်ဝင်ရောက်လာကာ အိပ်ပျော်နေသောသူအား နိုးထလာစေခဲ့တယ်။

ရှန်ဖုန်းယွဲ့ တစ်ယောက် သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ ရင်းနှီးနေသော အစိမ်းရောင်အရာအား မြင်တွေ့လိုက်ရတယ်။ ဝန်ထမ်းတွေက ဖန်ပေါင်းချောင်ခန်းရဲ့အဖုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ ဖွင့်လိုက်ပြီး သူ့ကို စကားပြောကာ ခေါ်လိုက်တယ် "ရှောင်ရှန်? ရှောင်ရှန်? ရှောင်ရှန်?!"

သုံးကြိမ်တိုင်တိုင် ခေါ်လိုက်ပြီးသည့်တိုင်အောင် ဘာစကားပြန်မှ မရသည့်အခါမှာတော့ ဝန်ထမ်းများက ဂျယ်လီကဲ့သို့ အာဟာရအရည်များ ပေးနေခြင်းအား ဖြတ်တောက်လိုက်ကာ လူကို ဖန်ပေါင်းချောင်အတွင်းမှ ဆွဲထူလိုက်ပြီး ဖန်ပေါင်းချောင်နံရံအား နောက်ခံအဖြစ်ထားကာ ကျောမှီပြီး သူ့ကို ထိုင်လို့ရအောင် လုပ်ပေးလိုက်တယ်။

"ရှောင်ရှန်? မင်း အဆင်ပြေရဲ့လား?" ဝန်ထမ်းက သူ့ကို ကြိမ်ဖန်များစွာ ထပ်ခေါ်လိုက်ပြီး သူ့လက်အား မြှောက်ပြကာ အမူအရာပြလိုက်တယ် "မင်း သတိရှိနေရဲ့လား? မင်း မြင်ရလား? ကြည့်စမ်း ဒါ လက်ဘယ်နှစ်ချောင်းလဲ?"

၀န်ထမ်းက သူ့လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ရှန်ဖုန်းယွဲ့ ရှေ့မှာ လက်ကို အောက်စိုက် တွဲလောင်းချကာ ကြိမ်ဖန်များစွာ ခါယမ်းလိုက်တယ်။ ရှန်ဖုန်းယွဲ့ က ကြောင်တောင်တောင်ဖြင့် တွဲလောင်းကျနေတဲ့ လက်နှစ်ချောင်းကို စိုက်ကြည့်နေခဲ့တယ်။ ရုတ်တရက် သူ့လည်ပင်းပေါ်ရှိ အရေပြားများက တင်းကျပ်လာပြီး သူ အသက်ပြင်းပြင်း ရှူလိုက်မိတယ်။ လေထုအလုံးအရင်းလိုက်ကြီးက ရုတ်တရက် သူ့လည်ချောင်းထဲသို့ စုပြုံတိုးဝင်လာခဲ့ကာ သူ့ခန္ဓာကိုယ်က ခံနိုင်ရည်မရှိတော့တာကြောင့် သူ အသက်ရှုကျပ်ကာ ဆို့နင့်သွားပြီး အသည်းအသန် ချောင်းဆိုးသွားတော့တယ်။

ဝန်ထမ်းတွေမှာ အလားတူ ဆင်တူသည့် အခြေအနေတွေကို မြင်ဖူးနေကြပုံရပြီး သူ့နောက်ကျောကို စည်းချက်ကျကျ ပုတ်ပေးနေရင်း သူ့ကို နူးနူးညံ့ညံ့လေး မေးလိုက်တယ် "အခုရော ပိုသက်သာသွားပြီလား၊ ရှောင်ရှန်?"

ဗီလိန်ကြီးက ငါ့ကို ငမ်းငမ်းတက် လိုချင်နေတာ ကြာပြီတဲ့Where stories live. Discover now