22

1.3K 174 3
                                    

[Unicode & Zawgyi]

ရှန်ဖုန်းယွဲ့ က သိမ်မွေ့တဲ့ ပြောင်းလဲမှု အနည်းငယ်ကို မသိခဲ့ရှာဘူး။ လင်းပိုင်နဲ့ သူ ထောင့်တစ်ထောင့်မှာ ပူးကပ်ထိုင်လိုက်ပြီးတော့ လမ်းတစ်လျှောက်မှာ တွေ့ခဲ့တဲ့ လက်နက်တွေကို လင်းပိုင်ကို ခွဲပေးလိုက်တယ်။ ခွဲဝေလို့ပြီးသွားတော့ သူ နေရာကနေ မတ်တပ်ရပ်လိုက်ပြီး သူ့ခန္ဓာကိုယ်က အဆစ်အမြစ်တွေကို လှုပ်ရှားလိုက်တယ်။ ဒီနေ့မှာ ခက်ခဲကြမ်းတမ်းလှတဲ့ တိုက်ပွဲတစ်ခုကို သူတို့‌တွေ တိုက်ခိုက်ရတော့မယ်လို့ သူ့စိတ်ထဲ ထင့်နေခဲ့တယ်။

အနီရောင်လက ကမ္ဘာမြေကြီးဆီသို့ ထပ်မံ ဆင်းသက်လာပြီး ရှန်ဖုန်းယွဲ့ က ဒီတစ်ခါရော အရင်တုန်းက ဖြစ်ခဲ့တာတွေနဲ့ မတူဘဲ ဘာတွေများ ကွာခြားနေလိမ့်ဦးမလဲလို့ သေသေချာချာ စောင့်ကြည့်နေခဲ့တယ်။

သောကြာနေ့နဲ့ နီးလာလေလေ တစ်နေ့ပြီးတစ်‌နေ့ ကမ္ဘာကြီးက ပိုပိုပြီး ပြိုလဲပျက်စီးလာတာ ဖြစ်နိုင်တယ်။ ဒီတစ်ခါမှာတော့ အနီရောင်အလင်းက ပေါက်ကွဲပြင်းထန်တဲ့ဟန်ပန်နဲ့ ထုတ်လွှတ်နေခဲ့ပေမဲ့ နေရာတိုင်းမှာ တိတ်ဆိတ်မှုကသာ ကြီးစိုးနေခဲ့တယ်။ မကောင်းဆိုးဝါးတွေရဲ့ မာန်ဖီအော်ဟစ်သံတွေလည်း မရှိဘူး။ လက်သည်းတွေနဲ့ မြေကြီးပေါ်ကို ကုတ်ခြစ်နေတဲ့ အသံတွေလည်း မရှိဘူး။ အပင်လက်တံတွေ လေထဲမှာ ဝှေ့ယမ်းလို့ ထွက်လာတဲ့ တရှဲရှဲ၊ တရွှမ်းရွှမ်း အသံတွေလည်း မရှိဘဲနဲ့ အနီရောင်အလင်းကသာ အသံတိတ် ဖြာကျနေခဲ့တယ်။

အရမ်း တိတ်ဆိတ်လွန်းတယ်။ ကြောက်ခမန်းလိလိကို ငြိမ်လွန်းတာ။ တိတ်ဆိတ်မှုထဲမှာ အန္တရာယ်တွေနဲ့ အပြည့်ပဲ။

မုန်တိုင်းမလာခင် လေငြိမ်နေသလိုမျိုးပဲ။

ရှန်ဖုန်းယွဲ့ က ခပ်ကျယ်ကျယ် ဖွင့်ထားတဲ့တံခါးပေါက်ကို အာရုံစူးစိုက်မှု အပြည့်နဲ့ ကြည့်နေပြီး လေးနက်လှတဲ့ မျက်နှာထားနှင့် အရာအားလုံးအပေါ်ကို အာရုံဖြန့်ကျက်ထားကာ ၀ရုန်းသုန်းကား တစ်ခုခု ထဖြစ်တာနဲ့ တိုက်ခိုက်ဖို့အတွက် အဆင်သင့် ဖြစ်နေခဲ့တယ်။ လင်းပိုင် က သူ့ဘေးနားမှာ ထိုင်နေပြီး သူတို့နှစ်ယောက်က ကိုယ်ပိုင် အတွေးကိုယ်စီနဲ့ အတူတူ ထိုင်နေခဲ့ကြတယ်။ သူ့ဘေးနားက ရှန်ဖုန်းယွဲ့ ကို ကြည့်ပြီး သူ့ မျက်လုံးတွေကို အနည်းငယ် မှေးကျဉ်းလိုက်ပြီးတော့ ရက်စက်မှု တစ်စွန်းတစ်စက ပေါ်ထွက်လာခဲ့တယ်။

ဗီလိန်ကြီးက ငါ့ကို ငမ်းငမ်းတက် လိုချင်နေတာ ကြာပြီတဲ့Where stories live. Discover now