11

2.3K 357 19
                                    

[Unicode & Zawgyi]

"ဗျာ?! ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ် ဟုတ်လား!" ရှန်ဖုန်းယွဲ့ က မထိန်းချုပ်နိုင်ဘဲနဲ့ အနည်းငယ် အသံကျယ်ကျယ်နဲ့ အော်ပြောလိုက်သည်။

စာသင်တဲ့စင်မြင့်ပေါ်ရှိ ဆရာမက သူ့စကားကိုကြားပြီး ခေါင်းညိတ်ပြလာခဲ့တယ်။ "ဟုတ်တယ်၊ ကြည့်ရတာတော့ သူက စိတ္တဇလူသတ်သမားဆီက တိုက်ခိုက်ခံခဲ့ရတဲ့ပုံပဲ။ ကံကောင်းထောက်မစွာနဲ့ အဲဒီ့အချိန်တုန်းက တစ်ယောက်ယောက် ဖြတ်သွားခဲ့လို့သာပေါ့။စိတ္တဇလူသတ်သမားက တစ်ယောက်ယောက် လာနေတာကို တွေ့လိုက်‌တော့ ထွက်ပြေးသွားခဲ့တယ်လေ။ အချိန်မီ ကယ်ဆယ်နိုင်ခဲ့သလို အခု‌တော့ ဝေ့ထျန်းဇယ် က ဆေးရုံမှာ ရှိနေပြီး ပြန်လည်သက်သာလာစေဖို့ အနားယူနေပါပြီ။"

အဲ့ဒီနောက် ဆရာမက လူတိုင်းကို သတိပေးခဲ့သည်။ "အခုနောက်ပိုင်း ငါတို့ပတ်၀န်းကျင်က သိပ်ပြီး လုံခြုံမှု မရှိတော့ဘူး။ ကျောင်းသားတွေရော ကျောင်းသူတွေရော ကျောင်းကနေ အိမ်ပြန်ဖို့ မင်းတို့မိဘတွေကို လာကြိုခိုင်းဖို့ ပြောကြဦး။ ပြီးတော့ ကိုယ့်လုံခြုံရေးကို ပိုဂရုစိုက်ကြနော်။"

ရှန်ဖုန်းယွဲ့ က အတန်းထဲမှာ တစ်ချိန်လုံး အာရုံပျံ့လွင့်နေခဲ့သည်။ သူ့အာရုံက ဝေ့ထျန်းဇယ် တိုက်ခိုက်ခံရပြီး ဆေးရုံတင်ထားရတယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့ အချိန်ကတည်းက ပြန်မထွက်လာနိုင်သေးဘူး။

ဝေ့ထျန်းဇယ် ကို စိတ္တဇလူသတ်သမားက ဘာကြောင့် တိုက်ခိုက်ခဲ့ရတာလဲ? လူသတ်သမားက ရည်ရွယ်ချက်မရှိဘဲ ကြုံသလို လိုက်သတ်တာရော ဖြစ်နိုင်မလား? ရှန်ဖုန်းယွဲ့ က စိတ်ရှုပ်ရှုပ်နဲ့ပဲ ခေါင်းကိုကုတ်လိုက်တော့တယ်။ ဝေ့ထျန်းဇယ် ကို ဆေးရုံမှာ သွားကြည့်ဖို့ အတန်းပြီးတာနဲ့ သူ့ဆရာမဆီက ခွင့်တောင်းဖို့ သူ ဆုံးဖြတ်လိုက်တယ်။

အတန်းပြီးသွားတဲ့ချိန်မှာတော့ သူ့အတွေး‌တွေကို ဆရာမကို စိတ်ထဲရှိတဲ့အတိုင်း ပြောပြလိုက်တယ်။ ဆရာမက သူနဲ့ ဝေ့ထျန်းဇယ် က သူငယ်ချင်းကောင်းတွေဆိုတာ သိတဲ့အတွက် သူ့စိုးရိမ်မှုကို နားလည်ပြီး ခွင့်ပေးလိုက်တယ်။

ဗီလိန်ကြီးက ငါ့ကို ငမ်းငမ်းတက် လိုချင်နေတာ ကြာပြီတဲ့Where stories live. Discover now