°3°

8.3K 746 54
                                    

*ဆရာလာပြီ*

ကောင်မလေးတစ်ယောက်၏ အသံနှင့်အတူ အခန်းတစ်ခုလုံးသည် တိခနဲ တိတ်ကျသွား၏။ တက္ကသိုလ်နောက်ဆုံးနှစ်က ကျောင်းသားတွေသာ ဖြစ်ပေမယ့် သူတို့ဆရာဟု ခေါ်သည့် လူငယ်တစ်ယောက် ဝင်လာချိန်လျှင်တော့ အားလုံးက တိတ်ဆိတ်ပေးနေလေသည်။

တစ်နည်းအားဖြင့် ထိုဆရာငယ်လေးသည် သူတို့အားလုံးအပေါ် စာဆိုလဲ သေချာနားလည်အောင် ရှင်းပြပြီး စေတနာကောင်းလွန်းသောကြောင့်ဖြစ်သည်။ ပြီးတော့ ထိုဆရာငယ်လေး၏ အသံချိုချိုလေးကိုပင် အားလုံးက သဘောကျနေကြတာလဲ ပါ၏။

ထိုဆရာငယ်လေးသည် ကျူတာမဟုတ်ပေမယ့် ဘာသာရပ်အလိုက် သေချာသင်ယူထားပြီး ငှားသည့်ဝိုင်းတွေကို လိုက်သင်ပေးနေတာမျိုးဖြစ်သည်။

*ချပ်..ချပ်*

ထို့နောက် အခန်းထဲသို့ ဝင်လာသည့် ခြေသံ။ အရင်ဆုံးပေါ်လာသည်က ညှပ်ဖိနပ်အနက်လေးစီးထားသော ခြေချောင်းသွယ်သွယ်ရဲရဲလေးတွေဖြစ်သည်။ ထို့နောက် စာအုပ်ကိုင်ထားသော လက်ချောင်းရှည်ရှည်ရဲရဲလေးတွေ။ စာအုပ်ကိုပင် မနာလိုချင်စရာ ကောင်းလောက်အောင်အထိ နုဖက်ကာ လှနေတာမျိုးပင်။

တီရှပ်အဖြူလေးအား စတိုင်လ်ပန်အနက်ဖြင့် တွဲဝတ်ထားကာ ကြယ်သီးလေးအား နှစ်လုံးလောက်အထိ ဖြုတ်ထား၍ လည်တိုင်သွယ်သွယ်ဖွေးဖွေးကြော့ကြော့က ရှင်းလင်းနေ၏။ ဆံပင်ခပ်အုပ်အုပ်လေးသည် နဖူးပေါ်သို့ တိတိပပ  အုပ်နေလေ၏။ နှာတံသွယ်သွယ်စင်းစင်းလေးသည် အဖျားတွင် အနည်းငယ် လုံးနေသယောင်။ ပါးပြင်ဖောင်းဖောင်းရဲရဲလေးတွေကတော့ မြင်သူကို အသဲယားစေသည့် အဓိက အချက်ပင်ဖြစ်၏။

ထို့နောက် ရွှန်းလဲ့နေသည့် မျက်ဝန်းဝိုင်းလေး။ မျက်ခုံးတန်း ညှို့ညှို့လေးသည် အနက်ရောင်ဘက် သိပ်မရောက်ချေ။ စိမ်းညှို့ညှို့အရောင်လေးဖြစ်ကာ ပြုံးယောင်သန်းနေသည့် နှုတ်ခမ်းလေးသည် စိုလဲ့နေကာ နီရဲထွေးနေတော့သည်။

သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးသည် တပွေ့စာပဲရှိ၏။ ဒီကျူရှင်ကို လာတက်သူများသည် ဒီဆရာငယ်လေးကို ပိုးချင်လို့ လာတက်သည့် သူတွေလဲရှိ၏။ ဒါပေမယ့် ထိုဆရာငယ်လေးသည် မည်သူ့ကိုမှဆရာ၊  တပည့်ဆက်ဆံရေးထက် မပိုချေ။ စာသင်ခန်းထဲတွင် ဖော်ရွေသလောက် အပြင်တွင် ခပ်တည်တည်တံ့တံ့လေးသာ နေတတ်သူ ဖြစ်သည်။

Beloved 'WANG'Where stories live. Discover now