°23°

7.5K 705 38
                                    

*ကျွီ.!!*

အိမ်ဆင်ဝင်ရှေ့သို့ ကားထိုးရပ်လိုက်ပုံရသည့် အသံကြောင့် ရိပေါ် ကုတင်ပေါ်က အမြန်ပြေးဆင်းကာ မှန်နံရံတွေကနေအောက်ကို ကြည့်လိုက်၏။ ကားကို ဆင်ဝင်အောက်တွင် ရပ်ခြင်းမဟုတ်ပဲ ဂိုဒေါင်ထဲ သွားထည့်တာမှန်း ကားသော့ကိုင်ကာ လမ်းလျှောက်လာသည့် သူ့ကို မြင်မှရိပေါ် သိလိုက်၏။

ညနေက အဝတ်အစားအတိုင်းပင် အနက်ရောင် လည်ဝိုင်းရှပ်အပေါ်မှ လည်သာဂျာကင်အနက်ကို ထပ်ဝတ်ပြီး Pantအနက်တစ်ထည်ဖြင့်။ ကြည့်ရသလောက်ကတော့ အရက်သောက်လာပုံမရပေ။

ခြေလှမ်းတွေက ယိုင်မနေချေ။ သူ့အရိပ်က အိမ်ဆင်ဝင်အောက်ထဲ ဝင်သွားမှပင် ရိပေါ် အိပ်ယာပေါ်ပြန်တက်လာကာ အိပ်ချင်ယောင် ဆောင်လိုက်ရသည်။ ခနအကြာ အိမ်အပေါ်သို့ တက်လာသည့် ခြေလှမ်းတွေ။

*ကျွီ*

အခန်းတံခါးကို ဖွင့်ပြီး ဝင်လာခဲ့သူ။သူ အခန်းထဲရောက်သည်နှင့် အရက်နံ့က ထောင်းခနဲ။ ရိပေါ် မသိမသာဖြင့် စောင်ကို ခေါင်းမြီးခြုံလိုက်ရသည်။ မီးတွေကိုဖွင့်ပြီး ကားသော့ကို စားပွဲပေါ် အသာအယာ တင်ပြီး ရေချိူခန်းထဲ ဝင်သွားသူကြောင့် ရိပေါ် စောင်ကို လှပ်လိုက်သည်။

*အရက်သောက်လာတာ မများလို့ထင်တယ်*

ခြေလှမ်းမယိုင်ပဲ ပုံမှန်အတိုင်း လမ်းလျှောက်လာသူကြောင့် ရိပေါ် တိတ်တဆိတ် မှတ်ချက်ပေးလိုက်သည်။ ခနကြာမှပင် ရေချိုးခန်းထဲက ရေသံတွေတိတ်သွား၏။ ရိပေါ် ချက်ချင်း ခေါင်းမြီးပြန်ခြုံကာ အိပ်လိုက်၏။

*အိပ်နေတာလား*

ရိပေါ် ခြုံထားသော စောင်အားအသာလှပ်ကာနဖူးပြင်ကို ဖွဖွလေး နမ်းရင်း သူ့ဘာသူ ရေရွတ်နေ၏။ ရိပေါ် မအိပ်ပျော်သေးတာ သူ သိမှာစိုး၍ ရိပေါ် တုတ်တုတ်မှ မလှုပ်ချေ။ သူ့ဆီကနေတော့ အရက်နံ့တွေ သိပ်မရတော့ပဲ ဆပ်ပြာနံ့သင်းသင်းကသာ ထုံးလွှမ်းနေလေသည်။

*ချစ်စရာလေးကွာ..အိပ်နေတာလေးက*

ရိပေါ်၏ ပါးပြင်တွေကို ခပ်ဖွဖွပွတ်သပ်ပြီး နှုတ်ခမ်းတွေဆီ လက်မကြီးဖြင့် ဖိပွတ်နေသူကြောင့် ရိပေါ် ကြက်သီးတွေ ထလာသည်။ ခနအကြာ သူ့ခေါင်းကြီးက ငုံ့လာပြီး ရိပေါ်နှုတ်ခမ်းတွေကို ဆွဲစုပ်လာ၏။ အပေါ်နှုတ်ခမ်းလေးကို အသံတွေမြည်သည်အထိ စုပ်ယူနေကာ အောက်နှုတ်ခမ်းလေးကိုတော့ ကိုက်ဆွဲနေတာ အချိန်အကြာကြီး။

Beloved 'WANG'Where stories live. Discover now