°31°

7.3K 661 255
                                    

*မင်း ဘာဆက်လုပ်ချင်လဲ ရှောင်းကျန့်*

ဟေလ်တန်အသံသည် အရင်ကအတိုင်း တည်ကြည်နေမြဲ။ ဟေလ်တန်ပြောသည့် စကားတွေကို ရှောင်းကျန့် မှတ်မိသေးပါ၏။ ဟိုဘက်က မလိုချင်ရင် မင်း နောက်ဆုတ်ပေးရမည်ဆိုသော စကားကို သူ လုံးဝနားထဲက မထွက်ခဲ့။

*ငါ ဘာလုပ်ချင်လဲ ငါ မသိဘူး။ ဒါပေမယ့် သည်းတုံကို ငါ မဆုံးရှုံးချင်ဘူး*

ဇက်နှင့် ဟေလ်တန်တို့က သက်ပြင်းချသည်။ ရှောင်းကျန့် ပြောပြလို့ သူတို့အားလုံး သိပြီးသားမို့ ဘယ်သူကမှားတယ်၊ ဘယ်သူကမှန်တယ်ဆိုပြီး သူတို့မဆုံးဖြတ်ချင်ပါ။

ဒါပေမယ့် ထိုကောင်အသိတရားရအောင်တော့ လုပ်ပေးရအုံးမည်။

*ဝမ်ရိပေါ်က မင်းကိုမချစ်ဘူး*

*ငါ သိတယ်*

*ဝမ်ရိပေါ်က မင်းနဲ့အတူရှိနေရရင် မပျော်ဘူးဆိုတာရော*

*အင်း..ငါသိတယ်*

ဟေလ်တန်က ခေါင်းညိမ့်ကာ နှုတ်ခမ်းစွန်းလေးတွေတွန့်ကွေးသွားရုံပြုံးသည်။ ပြီးနောက် ရှောင်းကျန့် ပုခုံးကို သိုင်းဖက်ကာ

*မင်းလဲနာကျင်ရတယ်မလား ရှောင်းကျန့်*

*နာကျင်မှု လှလှလေးပေါ့ကွာ။ နာကျင်ရတာနဲ့ သူ့ကိုပိုင်ဆိုင်ရတာ တန်ပါတယ်*

*တစ်ကယ်တန်တယ်လို့ ထင်လား*

ဇက်က ခပ်တည်တည်နဲ့မေး၏။ Noahကတော့ ဘာမှဝင်မပြောပဲ သူတို့ပြောတာတွေကိုသာ နားထောင်၏။

ရှောင်းကျန့် ခေါင်းညိမ့်မှုအဆုံး Noahက ချက်ချင်း ထရပ်ကာ ရှောင်းကျန့်လက်မောင်းကို မနာအောင် ပိတ်ထိုး၏။

*ငါတို့ကတော့ မတန်ဘူး ဟိတ်ကောင်။ မင်း‌ အဲ့လောက်ထိ သည်းခံနေစရာလဲ ဘာစောက်ကြောင်းမှမရှိဘူး။ သူ ဟိုအရင်ကောင်နဲ့ သွားသွားပတ်သတ်နေတာလဲ မင်းသိတယ်။ ညဆို ဖုန်းတွေပြောတာအထိပါ လုပ်လာတာကတော့ အဲ့ဘဲလွန်လာပြီကွ။ မင်းက ချစ်မှန်းသိလို့ အနိုင်ယူနေတာ*

*ဟုတ်တယ်..မင်း တစ်ခုခု လုပ်သင့်နေပြီ..ဒါမှမဟုတ် ထိပ်တိုက်ရှင်းကြတာမျိုးပေါ့*

Beloved 'WANG'Where stories live. Discover now