°28°

7.2K 687 176
                                    

*ဒါ မင်းဘယ်သွားမှာလဲ ရေချယ်*

*သူငယ်ချင်းတွေနဲ့ ချိန်းထားလို့လေ။ ဘာလဲ ဒါလေးတောင် ကျွန်မက အပြင်ထွက်ခွင့်မရှိတော့ဘူးလား*

*ဟ..! မင်းကို အပြင်ထွက်လို့ ပြောနေတာမဟုတ်ဘူး။ မင်း အပြင်ထွက်တဲ့ ခြေလှမ်းတွေ များနေလို့ကွ*

ထိုက်ယိမှာ အခုထိ Uniformမလဲရသေးချေ။ ည၁၀နာရီမှ ပြန်ရောက်ပေမယ့် ရေချယ်သည် အပြင်ထွက်ဖို့ ပြင်ဆင်ခြယ်သနေ၏။ ဝတ်တဲ့ဝတ်စုံသည်လဲ သူ့မျက်လုံးထဲ ဘယ်လိုမှ သဘောမတွေ့နိုင်။

သူ အမြင်ကျဉ်းတဲ့လူတစ်ယောက် မဟုတ်တောင် အခုလို ဝတ်ထားတာကို တော်တော်ကြီး သဘောမကျတာမျိုး။ မိတ်ကပ်တွေ ခြယ်သထားပြီး ကြိုးတစ်လုံးသာပါသည့် ဂါဝန်ပေါင်လည်လောက်ဖြင့်။

ဆံပင်တွေကို ဖြန့်ချထားကာ အနည်းငယ် ကုန်းလိုက်သည်နှင့် ပေါ်သွားမည့် သူမ၏ အရာတွေ။

*များရင်လဲ များတယ်လို့ မှတ်လိုက်ပေါ့ အကိုရယ်။ ကျွန်မကတော့ နောက်ကျနေလို့ သွားပြီ*

သူ့ပုခုံးကို တွန်းထိုးတိုက်ကာ ထွက်သွားသည့် သူမ။ ထိုက်ယိ မွေ့ယာပေါ် စိတ်ပျက်လက်ပျက် ထိုင်ချပစ်သည်။ ယူထားတာမှတစ်လလောက်ပဲ ရှိအုံးမည်။ ရေချယ့် အချိုးတွေက ချက်ချင်းပြောင်းသွား၏။

ရုပ်လေးချောတာ တစ်ခုပဲ ဘာအလုပ်မှလဲ မရှိချေ။ သူ့လုပ်စာကိုပဲ ထိုင်စားကာ အပြင်သွားလိုက်၊စားလိုက်၊ အိပ်လိုက်ဖြင့်၊ မေမေသည်လဲ ရေချယ်ကို မနိုင်လို့ လွှတ်ထားရသည့်အထဲ ပါနေလေပြီ။

ထိုက်ယိ အခုလိုအခြေအနေတွေကြုံတိုင်း ရိပေါ်ကို သတိရသည်။ ရိပေါ်သည် ရေချယ်လို မဟုတ်။ သူ့အပေါ် အရမ်းသိတတ်သော သူတစ်ယောက်ဖြစ်သည်။ အချိန်ကြာလာလေ သူ့ရွေးချယ်မှုတွေ မှားလာလေဆိုတာ သူ သတိထားမိနေပြီ။

အင်း..တနေ့နေ့ ရေချယ့်ကို သူ ကွာရှင်းပြီးသည်နှင့် သူ ရိပေါ်ဆီပြန်သွားမည်။ ရိပေါ်သည် သူ ဘယ်အချိန်ပြန်လာလာ လက်ကမ်းကြိုနေမယ့် သူမျိုး။

ဝမ်ရိပေါ်ဆိုသည့် ကောင်လေးက သူ့ကိုသိပ်ချစ်သည်မလား။

______________________

Beloved 'WANG'Where stories live. Discover now