°13°

6.2K 646 40
                                    

*ဒေါက်..ဒေါက်..!*

တံခါးခေါက်သံကြောင့် စာသင်နေသူသည် ခနမျှရပ်တန့်သွား၏။ လက်ကလေးတွေသည်လဲ ရပ်တန့်သွားကာ ရှောင်းကျန့်ကို ကြည့်ပြီး တံခါးဘက်ကို အကြည့်က ရောက်သွားလေသည်။

ဒီအကြည့်သည် ဒီနေ့အတွတ် ပထမဆုံး အကြည့်ဆိုလဲ မမှားပေ။

*ဒေါက်..ဒေါက်.!*

*ဝင်လာလို့ရတယ်*

ရှောင်းကျန့် အသံပြုလိုက်သည်။ အခန်းထဲ ဝင်လာသူသည် မာမီဖြစ်ကာ ခပ်ပြုံးပြုံးဖြင့် သူ့ကိုကြည့်လာသည်။

*သား သူငယ်ချင်းရောက်နေလို့..၊ သား နိုင်ငံခြားမှာ ခင်လာတဲ့ သူငယ်ချင်းလို့ ပြောတယ်*

*ဂျက်လား*

ရှောင်းကျန့် အနောက်က လိုက်ဝင်လာသူကြောင့် နှုတ်ခမ်းတွေက ပြုံးသွားကာ ထိုကောင့်ကို ပြေးဖက်လိုက်သည်။ ထိုကောင်သည်လဲ ပြုံးရယ်ကာ ရှောင်းကျန့်ကို ပြန်ဖက်ရင်း

*ဘယ်နေ့က ရောက်တာလဲ*

*မနေ့ကရောက်တာကွ..! မင်းဆီကို ဒီနေ့မှ လာတာ*

*အေးအေး..ခန*

ရှောင်းကျန့်၏ အကြည့်တွေသည် ရိပေါ်ဆီရောက်သွား၏။ ထိုလူသည် ရှောင်းကျန့်ကို မကြည့်ပဲ သူ့ဘာသာသူ စာအုပ်ကို ကြည့်နေ၏။ ရှောင်းကျန့်ကို ဂရုပင်မစိုက်ပေ။

*အပြင်မှာ စကားခနသွားပြောလေ သားသား*

*ရတယ် မာမီ..ဟိတ်ကောင် မနက်ဖြန်မှတွေ့မယ်။ ဒါမှမဟုတ် ညကျမှ တွေ့ကြမယ်။ မင်း အခုဘယ်မှာ နေနေလဲ*

ဂျက်သည် နိုင်ငံခြားမှာ ရှောင်းကျန့် နေတုန်းက အတူတူ ထိုင်ခဲ့ရသည့် သူငယ်ချင်း ဖြစ်သလို အရမ်းခင်ခဲ့ကြ၏။ ရှောင်းကျန့်ဆီကို ဒါက ပထမဆုံး အလည်လာတာ ဖြစ်သည်။

*ညကျမှတွေ့မယ် ဟိတ်ကောင်။ ငါ မင်းဖုန်းထဲ မက်ဆေ့ပို့ထားမယ်*

*အေးအေး*

ရှောင်းကျန့်သည် မနေနိုင်စွာ ဝမ်ရိပေါ်ကို ကြည့်လိုက်သေးသည်။ ဒါပေမယ့် နဂိုအတိုင်းပင် ဝမ်ရိပေါ်ဟာ သူ့ကို ဂရုမစိုက်ချေ။ ဝမ်ရိပေါ်ဟာ သူနဲ့ ဘာတစ်ခုမှမသက်ဆိုင်သည့် ကိစ္စအပေါ် စိတ်မဝင်စားသည့် လူလိုပင်။

Beloved 'WANG'Where stories live. Discover now