°21°

8K 719 68
                                    

ရိပေါ်အား ရေချိုးပေးပြီး သန့်စင်ပေးကာ ဆေးတွေဘာတွေ တိုက်ပြီးသည်နှင့် အိပ်ယာပေါ် ပြန်တင်ပေးထားသည့် ရှောင်းကျန့်။ သိသိသာသာ နေရတာ သက်သာလာသည်နှင့် ရိပေါ်သညိ အနီးအနားတွင် ထိုင်နေသော ရှောင်းကျန့်၏ လက်မောင်းတွေ၊ ရင်ဘတ်တွေကို ထုရိုက်တော့သည်။

*ကျေနပ်လား...မင်း သိပ်ကျေနပ်သွားပြီမလား။ မင်း လိုချင်တာကို ရလိုက်လို့ မင်း ပျော်သွားတယ်မလား*

ရိပေါ်ကသာ ရိုက်နှက်ပြီး ပြောဆိုနေပေမယ့် ရှောင်းကျန့်သည် တုပ်တုပ်မှမလှုပ်ပဲ ထိုင်နေ၏။ ကြိုက်သလောက် ရိုက်၊ ကြိုက်သလောက် ပြောဆိုပြီး ငြိမ်နေသည့် အတိုင်း။

*မင်းက တကယ့်အရိုင်းအစိုင်း..၊ လူယုတ်မာ။ ငါ မင်းကို အရမ်းမုန်းတာ သိလား ရှောင်းကျန့်။ ငါ့မှာ မင်းကြောင့် ငါ့ရဲ့အချစ်ရေးလဲ ပြိုပျက်ခဲ့ရပြီးပါပြီကွာ။ ထပ်ပြီး..ထပ်ပြီးတော့ ငါ့ဘဝကို မင်းဖျတ်ဆီးရက်တာ*

ရိပေါ်သည် လက်မောင်းတွေကို ထုရိုက်ကာ တဟီးဟီးနှင့် ငိုချသည်။ ရှောင်းကျန့်သည် အံကိုတင်းတင်းကြိတ်ကာ ရိပေါ် လုပ်သမျှကို တစ်ခွန်းမဟ။ လက်အကြောကြီးတွေ ထောင်ကားသည်အထိ လက်သီးဆုပ်ထားသည်မှာ ကြောက်စဖွယ်။

*မင်းကိုလေ ငါ မုန်းလိုက်တာ*

ရှောင်းကျန့်၏ ခန္ဓာကိုယ်သည် မသိမသာ မတ်ခနဲ။ မေးရိုးကြီးက လှုပ်လာကာ အံကိုတင်းတင်းကြိတ်လိုက်မှန်း သိသာ၏။ ဒါပေမယ့် ဘာမှမပြောပြန်။

*ငါ ပြန်မယ်*

*ဒီနေ့တော့ ဒီမှာနေသွား*

*ငါ့ကို မထိနဲ့*

ထရပ်သည့် ရိပေါ်၏ ခန္ဓာကိုယ်အား တားဆီးလာသည့် ရှောင်းကျန့်ကြောင့် ရိပေါ်သည် ရှောင်းကျန့်၏ လက်တွေအား ရွံစရာတစ်ခုလို သတ်မှတ်ကာ ချက်ချင်းရှောင်သည်။ ရှောင်းကျန့်သည် ခေါင်းညိမ့်ပြပြီး ချက်ချင်း လက်ကိုပြန်သိမ်းကာ

*ကျုပ် ခင်ဗျားကို ယူမှာပါ*

*ဖြောင်း.!*

ရှောင်းကျန့်၏ စကားအဆုံး ပါးပြင်ပေါ်သို့ သက်ရောက်လာသည့် ရိုက်ချက်တစ်ခု။ ရှောင်းကျန့်စးမျက်နှာသည် ဘေးသို့ စောင်းကျသွားကာ မျက်နှာတွင်လဲ လက်ဝါးရာကြီးက ထင်းနေသည်။

Beloved 'WANG'Where stories live. Discover now