°15°

6.4K 680 111
                                    

ရိပေါ်ရောက်သည့်တိုင် အခန်းထဲ မရောက်သေးသည့် သူ။ အိမ်အကူကောင်မလေးတစ်ယောက်ကတော့ ရိပေါ်ဖို့ အအေးနှင့် စားစရာအချို့ လာပို့ပြီး အကိုလေးက မကြာခင် လာလိမ့်မယ်ဟု ပြောသွားခဲ့သည်။

ရိပေါ် သူ့ကို ထိုင်စောင့်ရင်း စာတွေပြန်ကြည့်နေလိုက်သည်။ ဒီနေ့ ရိပေါ် လာသည်ကလဲ စောသည်။ ပြီးတော့ သူက အိမ်တွင်ရှိပုံမပေါ်။ တစ်နေနေရာ သွားနေသည်ထင်။

အရင်ကတော့ ရိပေါ်မရောက်ခင် အခန်းထဲကို အရင်ရောက်နေသူက အခုတော့ နောက်ကျနေ၏။

*ကျွီ.!!*

အိမ်ရှေ့ဆင်ဝင်အောင်ကို ထိုးရပ်လိုက်သည့် ဈေးအလွန်ကြီးသည် Yamaha bike၏ အသံကြီးကြောင့် ရိပေါ် ခါးသည် မတ်ခနဲ။ သူ အိမ်ပြန်ရောက်လာတာ ထင်၏။ ခနအကြာ တချပ်ချပ်နှင့် ခြေသံတွေကို ကြားလိုက်ရသည်။ ရိပေါ် လှည့်မကြည့်ဘူးဟု စိတ်ထိန်းပေမယ့် မနေနိုင်စွာ တံခါးဖွင့်သံကြားသည်နှင့် ခေါင်းသည်ချာခနဲ။

*ကျွီ.!*

အခန်းထဲသို့ ဝင်လာသူသည် ဟူဒီအနက်အား ဝတ်ဆင်ထားကာ စတိုင်လ်ပန်အနက်ဖြင့်။ မျက်နှာက ခပ်ရဲရဲဖြစ်နေကြီး နွမ်းနေမှန်း သေချာနေ၏။ နေမကောင်း‌ဖြစ်နေသည်ထင်သည်။

*Statusစသင်ရအောင်*

*အင်း*

ရိပေါ် သူကမ်းပေးသညိ့ စာအုပ်ကို လှမ်းယူလိုက်၍ ထိစပ်သွားသည့် လက်ဖျားတွေ။ ပူကျစ်နေသည့် လက်ဖျားတွေကြောင့် ရိပေါ် သူ့ကို မော့ကြည့်လိုက်သည်။ အရင်ကလိုပင် ရိပေါ်ကို စိုက်ကြည့်နေသည့် သူ။ ရိပေါ် မျက်ခုံးလေး စုကြုံ့ကာ

*နေမကောင်းဘူးလား*

*ရတယ်*

ရိပေါ်က တစ်မျိုးမေးလိုက်ပေမယ့် ခပ်ဆက်ဆက်ပြန်ဖြေလာသူကြောင့် ရိပေါ် ခေါင်းသာ ညိမ့်ပြလိုက်သည်။ ဘယ်လောက်ပဲ စိတ်ထဲက သဘောကျတယ်ဆိုဆို ရိပေါ် သူ့ကိုတော့ မယူ။ လက်မထပ်ပေ။ အရင်ကတော့ မူနေပြီး အခုကျ ကောက်ယူတာ..အပိုတွေ ဟန်လုပ်နေတာဆိုတဲ့ စကားတွေကို နားထောင်နိုင်စွမ်းလဲ မရှိသလို၊ သည်းခံနိုင်စွမ်းလဲ မရှိ။

အဓိကကတော့ ရိပေါ် ကိုကို့ကို သစ္စာမဖောက်ချင်၍သာ ဖြစ်သည်။

Beloved 'WANG'Where stories live. Discover now