°34°

8.2K 676 75
                                    

မျက်နှာချင်းဆိုင်ကာ ထိုင်နေသူနှစ်ယောက်၏ မျက်နှာတွင် အရင်ကလို မာန်မာနတွေ၊ ယှဉ်‌ပြိုင်လိုမှုတွေမရှိပဲ ပကတိအေးချမ်းသော မျက်နှာဖြင့်။

*သားလေးက ဆိုးချင်ဆိုးမယ်၊ ရိုင်းချင်ရိုင်းမယ်။ ဒါပေမယ့် မိဘအပေါ်တော့ အလွန်သိတတ်တာလေ*

ရိပေါ်သည် ရှောင်မားပြောသမျှကို ဘာမှခွန်းတုံ့မပြန်ပဲ နားထောင်၏။ မောင် ထွက်သွားပြီး တစ်ရက်အကြာတွင် မောင့်မေမေသည် ရိပေါ်ရှေ့ ရောက်လာခဲ့ခြင်းဖြစ်သည်။

*အန်တီ သိပ်အံ့ဩသွားခဲ့တယ်။ သားသားကလေ
အန်တီ့ကို သိပ်ချစ်သလို၊ အန်တီ စိတ်ဆင်းရဲမှာလဲ သိပ်ကြောက်တဲ့ကလေး။ ရိပေါ်နဲ့ လမ်းခွဲဖို့ပြောတုန်းက သူက အန်တီ့ကို ဘယ်လိုပြောသလဲ သိလား*

ရိပေါ် ခေါင်းအသာခါပြလိုက်၏။ ရှောင်မားသည် ရိပေါ်၏ မျက်နှာလေးကို ငေးကြည့်ကာ

*သူက သားအပေါ်မှာ ဘယ်သူ့ကိုမှမချစ်ဖူးတဲ့ အချစ်နဲ့ချစ်မိသွားလို့ပါတဲ့။ ရိပေါ်ကို လက်မခံနိုင်ရင်တောင် သူ့အချစ်ကို လက်ခံပေးပါတဲ့လေ။ အန်တီ့ကို ချော့တဲ့စကားတစ်ခွန်းမှမပါပဲ ရိပေါ်ကို လက်ခံပေးဖို့ပဲ ပြောသွားခဲ့တာ*

*သူက အဲ့လောက်တောင် ချစ်တတ်တယ်တဲ့လား*

*အဲ့ထက်ပိုတာပေါ့လေ။ အိမ်ကိုလာတိုင်း ဝမ်ရိပေါ်ကို ခေါ်ခဲ့ပါလို့ ပြောတာကို အန်တီက ရိပေါ်ကို မကြည်ဖြူသလိုတွေကြည့်ရင် သူ အန်တီတို့အိမ်ကို နောက်ဘယ်တောါမှ ခြေမချမိမှာစိုးလို့ မခေါ်လာပါဘူးတဲ့။ ပြီးတော့ ရိပေါ်ကို အဲ့လိုအကြည့်တွေနဲ့ ဘယ်သူ့ဆီကမှ အကြည့်မခံနိုင်ပါဘူးတဲ့လေ*

ရိပေါ် နာနာကျင်ကျင်ပြုံးလိုက်ကာ ခပ်တိုးတိုးညည်းလိုက်သည်။

*မောင်ကတော့လေ...*

*သားငယ်လေးက စာမေးပွဲဝင်ဖြေသွားတာ ရိပေါ် သတိမထားလိုက်မိဘူးမလား။ ရိပေါ်အတွတ် သူ ဖြေခဲ့တာပါတဲ့လေ။ ရိပေါ်ရဲ့အမျိုးသားက ဘွဲ့တစ်ခုလေးတောင် မရဘူးဆိုတာ အပြောမခံနိုင်ဘူးတဲ့။ တစ်ကယ့်ကို မွေးရကျိုးနပ်တဲ့ သားလေးပေါ့*

Beloved 'WANG'Where stories live. Discover now