ချစ်နေ့စွဲလေး/ချစ်နေ့စွဲလေး

2K 157 13
                                    

ခုတင်ဘေးနားက တီးတီးတီးနဲ့ နိုးစက်မြည်လာမည့်အသံကို စောင့်စားနေပေမယ့် မကြားရသေးတော့ လူက စိတ်ပူလာတယ်။ သူများ နိုးစက်သံမကြားလိုက်ရဘဲ အိပ်ပျော်မိသွားတာလား။ လူကစက်ခနဲဖြစ်သွားပြီး အလန့်တကြားနဲ့မျက်လုံးဖွင့်ချိန်တော့ သော်တာမှူးဝေတို့ သူ့အား လက်ကလေးထောက်ပြီး ကြည့်စိမ့်နေခဲ့သည့် ထိုက်ထိုက်စံအား တွေ့လိုက်ရတော့သည်။

“မ... မထိုက်!”

အမှတ်တမဲ့ဆိုတော့ သော်တာမှူးဝေမှာ လန့်သွားတဲ့ပုံပင်။ ထိုက်ထိုက်စံကတော့ သူ့ချစ်ဇနီးလေးကို ချစ်စိမ့်ခြင်းဌာ အကြင်နာအကြည့်တွေနဲ့ ကြည့်နေခဲ့တယ်ရယ်။ ပြီးနောက်တော့ ထိုက်ထိုက်က ကိုယ်လေးကိုခြွပြီး လူအပေါ်အုပ်မိုးလိုက်ကာ သော်တာမှူးဝေ၏နှုတ်ခမ်းထပ် အနမ်းတို့ခြွေလာခဲ့ပါသည်။

“morning သော်... နိုးပြီလား”

“အင်း... မထိုက်ကရော ဘယ်အချိန်ကတည်းက နိုးနေတာလဲ။ မျက်လုံးဖွင့်ဖွင့်ခြင်း လန့်တောင်သွားတယ်”

“ဟုတ်လား”

‌စကားပြောနေရင်း မထိုက်ကတော့ အကျင့်တခုလိုမျိုး သူ့ရဲ့ဆံပင်တွေကို နားကြားထဲ ထိုးထည့်ပေးနေပြန်သည်လေ။

“အမက မနက်တိုင်းမနက်တိုင်း သော်မနိုးခင်လေးမှာ ဒီလိုမျိုး သော့်ရဲ့ မျက်နှာလေးကို ကြည့်နေကြပါနော်။ အမအတွက်က ထုံးစံလိုတောင်ဖြစ်နေပြီ။ သော်က အခုမှ လာထူးဆန်းနေတာပဲ”

မေးစေ့ကို လာဆွဲပြီး ပြောလိုက်တဲ့ မထိုက်ရဲ့စကားကြောင့် ကိုယ့်မှာတော့ ရှက်ပြုံးကြီးပြုံးမိကာပဲ မျက်လွှာချလိုက်ရသည်။

“သွား... ဘာလဲကွာ”

“အို... မသွားနိုင်ပါဘူးကွည။ အနီးဆုံးနားမှာပဲ ရှိနေချင်တာကို”

“မထိုက်...”
အသံရှည်စွဲပြီး မထိုက်လို့ခေါ်လိုက်တော့ လူကိုတော့ မရှက်ရှက်အောင်စထားသည့် သူက သွားဖြူဖြူလေးတွေပေါ်သည်ထိ ရယ်နေခဲ့ပါသည်လေ။

တကယ်ပါ မထိုက်ကတော့လေ... လက်ထပ်ပြီးတာပဲ တစ်နှစ်တောင်ရှိနေပြီ။ လူကို အခုချိန်ထိ ရင်ခုန်အောင် ပြုစားနေတုန်းပါလား။

ME AFTER YOUWhere stories live. Discover now