ep 58

2.4K 216 15
                                    

အရင်နေ့တွေတုန်းက သူ့ဆီကို ဖေဖေကပဲ ဆက်တိုက်လာနေရာမှ ဒီနေ့မှာတော့ ထက်ဘုန်းရှိန်ကပါ ရောက်လာခဲ့ပြန်ပြီလေ။ တကယ်ဆိုသူက အက်ခွန်းအား တရားစီစဉ်ချက်ချမဲ့ အချိန်ကိုသာ မနည်းသည်းခံပြီး စောင့်နေရတာပါ။ ဖြစ်နိုင်ရင် ချက်ချင်းပဲ ထွက်သွားလိုက်ချင်ခဲ့တယ်။ အခုလို လူတွေနဲ့ တွြေ့ပီး ဆက်ဆံပြောဆိုနေရမှာ သူ့အတွက်တကယ်ကို အဆင်မပြေတော့လို့ပါလေ။

သို့ပေမယ့် ထက်ဘုန်းရှိန်က ဖေဖေ့လို အလွယ်တကူ လက်လျော့ကာ ပြန်မသွားဘဲ သူတို့ အဆောင်ရှေ့မှာ ပေတေပြီးရပ်နေလေ၏။

သူ... ချမ်းသူဆီ ဖုန်းဆက်ပြီး သူ့ကိုလာခေါ်ဖို့ ပြောလိုက်တယ်။ ခဏလေးနေတော့ အဆောင်ရှေ့မှာ ကားသံကြားလိုက်ရပြီး ချမ်းသူကလည်း သူ့ဆီ "ငါရောက်ပြီဟု ဖုန်းဆက်လာလေသည်"။ သူ အဝတ်အစားအိတ်လေးကိုပါ ကိုင်ဆွဲ၍ထွက်လာခဲ့တယ်။ သူ မပြန်မချင်း ချမ်းသူရဲ့တိုက်ခန်းမှာပဲ သွားနေတော့မယ်ဆိုတဲ့ အတွေးနဲ့ပေါ့။

ထို့သို့ သူက အပြင်ကိုထွက်လာပြီး ချမ်းသူရဲ့ ကားပေါ်ကိုသာ တန်းတက်သွားလိုက်သည်။ ထိုချိန် အဆောင်နားမှာ ရပ်နေလေသည့် ထက်ဘုန်းရှိန်တစ်ယောက်တို့ လှုပ်လှုပ်ရှားရှားပဲ ဖြစ်သွားလေတော့၏။

ချမ်းသူကို "သွားတော့" ဆိုပြီး ပြောလိုက်တော့ ချမ်းသူက ကားစက်လေးနိုးပြီး စထွက်ဖို့ ပြင်လိုက်ချိန်။ ထိုအခါ ထက်ဘုန်းရှိန်က ဇွတ်တရွတ်ပဲ ကားရှေ့ဆီ တိုးဝင်လာခဲ့ပါလေတော့သည်။

"ကျွီ!!!"
ချမ်းမျိုးသူမှာ အချိန်မှီအောင် ဘရိတ်ကို မနည်းအုပ်လိုက်ရလေသည်။ ထိုက်ထိုက်မှာလည်း မနေနိုင်တော့မို့ ကားပေါ်မှ ပြန်ဆင်း၍ပဲ...

"ကျွတ်စ်... မင်းဘာဖြစ်ချင်နေတာလဲ ထက်ဘုန်းရှိန်။ ဘာကိစ္စနဲ့ ငါ့ကိုထပ်လာပြီး လာနှောက်ယှက်နေရတာလဲ"

"ဖေဖေ... ဖေဖေ အခုနေမကောင်းဖြစ်လို့ ဆေးရုံရောက်နေတယ်"
ထက်ဘုန်းရှိန်တို့ ပြောစကားကြောင့် ထိုက်ထိုက်မှာ အနည်းငယ်တော့ မျက်လုံးပြူးသွားရတယ်။ သို့ပေမယ့် သူက ဘယ်သူနဲမှ အဆက်အဆံ မလုပ်ချင်တော့ဘူးလေ။ အကယ်၍ ဖေဖေ တကယ်နေမကောင်းဖြစ်နေတယ် ဆိုထားဦး။ သူ့ဖက်ကတော့ ပြောင်းလဲမိမှာ မဟုတ်တော့ဘူး။

ME AFTER YOUWhere stories live. Discover now