ep 54

2.1K 205 18
                                    

ကင်မရာမီးတွေ ထဖျက်ဖျက်ကြားထဲ လူက စိတ်တွေရှုပ်လာမိပြီ။တကယ်တော့ အခုက သော်တာမှူးဝေတို့ သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ထက်ဘုန်းရှိန်နဲ့အတူ ရောက်နေရခြင်း ဖြစ်သည်လေ။ သူ့နဲ့မထိုက်နဲ့ ပတ်သက်ပြီး ထွက်နေတဲ့ သတင်းတွေကို ဖုံဖို့ရန်အတွက် ပိုကြီးတဲ့ သတင်းမျိုး ဖန်တီးနေကြခြင်းပေါ့။

"အခုတလော ဒီကမင်းသမီး သော်တာမှူးဝေနဲ့ ပတ်သက်ပြီး သတင်းထွက်နေတဲ့ မိန်ကလေးချင်းတွဲနေကြတယ် ဆိုတာက တကယ်အမှန်မဟုတ်ပါဘူး ခင်ဗျာ။ အားလုံးက ဒီတိုင်း ကောလဟာလ သက်သက်တွေပါပဲ။ ပြီးတော့ ဒီကိစ္စတွေကြောင့် သော်တာမှူးဝေနဲ့ ကျွန်တော်တို့ရဲ့ စေ့စပ်ပွဲက အရှေ့တိုးဖြစ်သွားပြီလေ။ ဒီတစ်လအတွင်းမှာပဲ ကျင်းပဖို့ကို အတည်ပြုပြီးပြီလို့ တစ်ခါတည်း ကြေငြာချင်ပါတယ်"

ထက်ဘုန်းရှိန်ရဲ့ အပြောကြောင့် သတင်းထောက်တွေ အကုန်လုံးရဲ့ အတန်းရှင်းက ချက်ချင်းပဲ သူတို့နှစ်ယောက်အကြောင်းကို ရောက်သွားကြကုန်တယ်။ နောက်ဆုံးတော့...ဖေဖေနဲ့ ထက်ဘုန်းရှိန်တို့ရဲ့ ရည်ရွယ်ချက်တွေ အထမြောက်သွားခဲ့ပြီပေါ့လေ။

"ဒါဆို ...သော်တာမှူးဝေနဲ့အတူ ဓာတ်ပုံတွေထဲမှာပါတဲ့ မိန်းကလေးကရော သော်တာမှူးဝေနဲ့ ဘယ်လိုပတ်သက်လဲဆိုတာ တစ်ချက်လောက် ပြောပြလို့ရမလား ခင်ဗျာ့"

သတင်းထောက်တွေထဲက တစ်ယောက်ရဲ့ အမေးကို ကြားလိုက်ချိန်မှာတော့ သော်တာတို့ သူ့ဖက်က ပြန်ဖြေချင်စိတ်တွေ တာဆူသွားမိသွားလေ၏။

သူက မိုက်ကလေးယူပြီး စကားပြောလိုက်ဖို့ ပြင်လိုက်ချိန် ထက်ဘုန်းရှိန်က သူ့လက်ကို လာကိုင်၍ ခေါင်ရမ်းပြလေတယ်။ သူ့ကို မလုပ်နဲ့လို့ ပြောချင်တဲ့သဘောနဲ့လေ။ ထို့နောက်တော့ ထပ်ပြီး ထက်ဘုန်းရှိန်ဖက်ကပဲ ပြန်ဖြေလိုက်လေတော့၏။။

"ဒီတိုင်း... သူ့တို့က အရမ်းရင်းနှီးကျတဲ့ သူငယ်ချင်းတွေသက်သက်ပါပဲ။ အတွဲတွေမဟုတ်တာမို့ အထင်မမှားကျဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ အဲ့လိုမဟုတ်တရုတ်သတင်းတွေကြောင့် ကျွန်တော်တို့နှစ်ယောက်ကြားထဲမှာ အဖုအထစ်တွေဖြစ်သွားမှာ မဟုတ်ပေမယ့်လည်း ကျွန်တော့်ရဲ့ သော်တာမှူးဝေလေးကို အလကားနေရင်း တခြားလူတွေ အထင်လွဲနေတာမျိုးတော့ အဖြစ်မခံနိုင်ဘူးလေ။ နားလည်ပေးဖို့ မျှော်လင့်ပါတယ်"
.
.
.

ME AFTER YOUTempat cerita menjadi hidup. Temukan sekarang