Extra 2

5.8K 289 21
                                    

《《《

မင်္ဂလာပွဲလေးပြီးသွားတဲ့နောက်တော့ လူငယ်တွေချည်း စုပေါင်းပြီး ညစာစားပွဲသက်သက် ကျင်းပခဲ့ကြသေး၏။

"ဟျောင့်... မင်းထက်! မင်းဘာလို့ နေ့လယ်ပွဲမှာတုန်းက မဟော်လွင်ကို ပြန်မနှုတ်ဆက်ဘဲ ရှောင်နေတာလဲ။ ဘာလဲ မင်းရည်စားဟောင်းနဲ့ မင်းကို ငါက သဝန်တိုမှာ ဆိုးလို့လား"

"အဲ့လို မဟုတ်ဘူးဟေ့။ နင့်မင်းထက်က ငါ့ကို နင်နဲ့ သဝန်တိုနေတာဟဲ့"

"ဟမ်!" အခုမှ ရောက်လာတဲ့ မဟော်လွင်က သူဘေးနားမှာဝင်ထိုင်ပြီး ဖြေလာလေတယ်။
မဟော်လွင်က မင်းထက်နဲ့ ရည်စားဖြစ်ခဲ့တာလေ။ သူနဲ့ ဖြစ်ခဲ့တာမှ မဟုတ်တာကို ...။

"ဘာလို့လဲ? ဘာလို့ ငါနဲ့ သဝန်တိုရမှာလဲ"

"အဲ့တာ... ။ ဟက်...ဘယ်လိုလဲ မင်းထက်။ ငါ နင့်ယောက်ျားကို အခု ဖွင့်ပြောလိုက်ရမလား"

"မဟော်လွင်!"
မဟော်လွင်က စလိုက်တော့ မျက်လုံးကြီးပြူးပြီး အော်ခေါ်လာတဲ့ မင်းထက်က ။ ချက်ချင်းပဲ သူ့နေရာနဲ့ ခန့်ပိုင်နေရာကို လဲပစ်လိုက်တယ်လေ။ ပြီးနောက်တော့ နင်မပြောနဲ့ ငါပြောမယ်ဆိုပြီး...

"ဒီလိုဟေ့...မဟော်လွင်က အစတည်းက ငါ့ကို ကြိုက်ခဲ့တာ မဟုတ်ဘဲ မင်းကို ကြိုက်ခဲ့တာ...။အေ... ငါ့ကိုတွဲတယ်ဆိုတာကလည်း မင်းအသည်းကွဲမှာဆိုးလို့ မင်းအပေါ်ထားတဲ့ ငါ့ခံစားချက်တွေကို သဲကွဲလာအောင် တမင်သက်သက် တွဲချင်ယောင်ဆောင်ပြီး ငါ့ကို ဖျောင်းဖျခဲ့တာ...ရှင်းပြီလား"

မင်းထက်ရဲ့ ရှင်းပြမှုအဆုံး ခန့်ပိုင်တို့ ပါးစပ်အဟောင်းသားနဲ့ပဲ မဟော်လွင်ဖက်ကို ပြူးကြောင်ကြောင် ကြည့်မိသွားတယ်။ မဟော်လွင်က ငါ့ကို ကြိုက်ခဲ့တာတဲ့လား။ ပြီးတော့ သူတို့ကိုပါ အဆင်ပြေလာအောင် လုပ်ပေးခဲ့သေးတယ်။

"အမလေးဟယ်...အဲ့ဒါတွေက အတိတ်တွေပါဟဲ့။ အခုတော့ ငါလဲ ဘယ်သူ့မှ ကြိုက်မနေတော့ဘူး။ ဟုတ်ပြီလား"

ထိုချိန် ခန့်ပိုင်က ရုပ်တည်ကြီးနဲ့ ထသွားကာ...
"မဟော်လွင်။ နင်... နင်က အရမ်းကောင်းတဲ့ သူပဲ"ဆိုပြီး အတင်းတွေ ဖက်တွယ်နေတော့သည်လေ။

ME AFTER YOUWhere stories live. Discover now