ep 49

2K 212 11
                                    


"ထပ်မပြေးပါနဲ့တော့လား ခန့်ပိုင်...။ ဟောဟဲ~~~ဟောဟဲ"

ထွက်ပြေးနေတဲ့ ခန့်ပိုင်ကို လိုက်ဖမ်းနေရင်းပဲ
မင်းထက်သာတို့ အမောစို့နေ၏။

"မင်းလည်း ဟဲ~~~ ဟဲ ထပ်မလိုက်လာနဲ့တော့ အ!!!"

ထိုချိန် ခန့်ပိုင်တစ်ယောက် ပြေးနေရင်းကနေ အရှေ့မှာရှိနေတဲ့ ခဲလုံးကို မမြင်ဘဲ တက်နင်းမိလို့ ရှေ့သို့ ဘိုင်းခနဲ ပစ်လဲသွားလေတော့သည်။

"ခန့်ပိုင်! "

မင်းထက်သာဟာ စိုးရိမ်တကြီးပဲ ခန့်ပိုင်ဆီကို ပြေးလာခဲ့လေတယ်။ မှောက်ယက်ကလေး လဲနေတဲ့ ခန့်ပိုင်ကို ဆွဲထူလိုက်တော့ တံတောင်ဆစ်နားမှာ သွေးလေးတွေစို့လို့။

"ဒီလိုဖြစ်မှာဆိုးလို့ ငါမင်းကို ထပ်မပြေးနဲ့တော့လို့ ပြောနေတာလေ။ ကျစ်! အခုကြည့် မင်းမှာ ထိခိုက်ကုန်ပြီမလား"

"အဲ့တာ မင်းငါ့နောက်က လိုက်ဖမ်းနေလို့ ဖြစ်တာလေ။ ဘာလို့ ငါ့ကို လာအော်နေရတာလဲ "

ခန့်ပိုင်က မင်းထက်သာကို ပြန်အော်လိုက်ကာပဲ ၊ ချော်လဲထားတဲ့ အရှိန်ကြောင့် လူကထုံထုံကြီး ဖြစ်နေတာတောင်မှ ၊ ဆွဲထူပေးထားသော မင်းထက်သာလက်ထဲကို မရရအောင် တွန်းဖယ်၍ ထလိုက်လေသည်။ ပြီးနောက်တော့ ထော့နဲ့ ထော့နဲ့ နဲ့ပဲ ဆက်သွားနေပြန်၏။

ဤအချင်းအရာကို မြင်လိုက်ရတော့ မင်းထက်သာတို့ ပေါက်ကွဲကုန်ပြီလေ ။ ခန့်ပိုင်နဲ့ ပတ်သက်ရင် သည်းသည်းလှုပ်တတ်တဲ့ အကျင့်က အခုထိကို စွဲနေတုန်းမလို့ထင်တယ် ။ သူနာကျင်နေတာမြင်ရတော့ လူက အလိုလို ဒေါသထွက်လာမိပြီရယ်။

"ဟာ...ဟာ မင်းထက် ။ မင်း အဲ့တာ ဘာလုပ်တာလဲ ။ လွှတ်စမ်း ငါ့ကို အခုလွှတ်ပေးစမ်း"

တဇွတ်ထိုးလေးခန့်ပိုင်ကို သူ့ပုခုံးပေါ် ကောက်တင်၍ ဖမ်းချုပ်လိုက်လေတော့ ထိုသို့ အတင်းတွေပဲ အော်ဟစ် ရုန်းကန်လာလေတော့သည်။

"မင်းထက်...မင်းဘာဖြစ်နေတာလဲ။ တခြားလူတွေ မမြင်ခင် ငါ့ကို မြန်မြန်လွှတ်ပေးစမ်း ။ အား...မင်းထက်လို့"

"ငြိမ်ငြိမ်နေ ။ ငြိမ်ငြိမ်နေရင် အောက်ပြန်ချပေးမယ် မဟုတ်လို့ကတော့ မင်းအိမ်အထိ ဒီအတိုင်း ပြန်ခေါ်သွားမှာ"

ME AFTER YOUOù les histoires vivent. Découvrez maintenant