ep 13

2.3K 220 2
                                    

သော်တာမှူးဝေတစ်ယောက် ဆိုင်ကနေ အိမ်သို့ပြန်ရောက်ရောက်ချင်းမှာပဲ သူ့အခန်းထဲကို ပြေးဝင်သွားခဲ့ပြီး ရေချိုးခန်းထဲမှာ မျက်နှာသွားသစ်လိုက်ပေသည်။ ပြီးနောက် သူ ပြန်ထွက်လာချိန်မှာတော့ သူ့အခန်းတစ်ခုလုံးက ရှုပ်ပွနေတာကို တွေ့လိုက်ရလေတော့

"အလင်္ကာမှူးဝေ!!!"

"ဗျ...ဗျာ"

သူ့အမ သော်တာမှူးဝေရဲ့ခေါ်သံကြောင့် အမအခန်းထဲဝင်ပြီး အမရဲ့လက်ပ်တော့နဲ့ ဂိမ်းခိုးဆော့နေလေသော အလင်္ကာမှူးဝေတို့ ခပ်လန့်လန့်ဖြစ်သွားနဲ့ရှာရသည်။

"ကျစ်! နင် ငါ့ လက်ပ်တော့ ယူဆော့နေပြန်ပြီလား"

"မမကလည်း... သားက ဂိမ်းခဏပဲ ယူဆော့တာပါ ဟီး"

"အေ ဂိမ်းဆော့မယ်ဆိုလဲ ဂိမ်းပဲဆော့လေ။ ဘာလို့ အခန်းထဲမှာ အမှိုက်တွေပါ ဖွနေရတာလဲ"

"ဟမ်...မမ ဘာတွေပြောနေတာလဲ။ သားက ဂိမ်းပဲဆော့နေတာလေ"

"အဲ့ဆို အခန်းထဲက အမှိုက်တွေ ဘယ်သူဖွ...”
သော်တာမှူးဝေတို့ သူ့အခန်းရဲ့ပံာမှန်အခြေအနေကို တစ်ချက်ပြန်မှတ်မိသွားပြီး အပြစ်ဆိုသံတို့ တိတ်သွားသည်။

“ဘာပဲဖြစ်ဖြစ် နောက်တစ်ခါ ငါ့ အခန်းထဲ မဝင်နဲ့ သွား....”

ဒုန်း!!!!

ပြောချင်ရာပြောပြီး သူ့ကို အခန်းပြင်နှင်ထုတ်ကာ အခန်းတံခါးကို ဒုန်းခနဲ ပိတ်သွားလေသည့် သော်တာမှူးဝေကြောင့် အလင်္ကာမှူးဝေမှာလည်း အူကြောင်ကြောင်လေးဖြစ်သွားရသည်။

"ရုတ်တရက်ကြီး မမက ဘယ်လိုဖြစ်သွားတာလဲ။ အပြင်ကနေ ခွေးရူးကိုက်လိုက်လို့များ ရူးသွားတာလား"

"အေ....ငါအကုန်ကြားတယ်နော် အငယ်ကောင်"

အခန်းထဲက ထွက်လာပြန်တဲ့ သူ့အမအသံကြောင့် အလင်္ကာမှူးဝေတို့ လန့်သွားရသည်။

"ဟီး...မမ! သားဘာမှမပြောဘူးနော်။ ဘာမှမပြောဘူး...အရူးမ"

"ဘာ!!!! အကြီးကိုများ "

အစကတည်းကရင် ‌သော်တာမှူးဝေတို့က သူ့ရဲ့ဒေါသတွေကို ပုံချချင်နေပါတယ်ဆိုပါမှ အလင်္ကာမှူးဝေက တမှောက်လေ။ သူ့အမကို အမြဲစိတ်မတိုတိုအောင် စလိုက်ရမှကျေနပ်သည်။

ME AFTER YOUDonde viven las historias. Descúbrelo ahora