ep 26

2.4K 197 1
                                    

တခြားသူတွေမသိအောင် လျှို့ဝှက်ထားကြဖို့ ပြောခဲ့တဲ့ သော်တာမှူးဝေက အခုတော့ တခြားလူတွေ ရိပ်မိအောင် တမင်များလုပ်နေတာလား အောက်မေ့ရတယ်။

အခန်းထဲရောက်တာနဲ့ ထူးလဲ့သစ်ကို ကျောပေး လက်ကို နားထင်နားထောက်ထားပြီး အနောက်ကို မလှည့်တလှည့်အနေအထားမှာပဲ ထိုက်ထိုက်စံအား ခိုးကြည့်ပေသည်။ ခိုးကြည့်တယ်ဆိုတာက တခြားသူတွေမသိအောင်ပါပဲ။ထိုက်ထိုက်စံနဲ့တော့ မျက်နှာချင်းဆိုင်လိုက် ပြုံးပြလိုက်နဲ့ ဟုတ်နေတာပဲ။

အဲ့တာတော့ မတတ်နိုင်ပါဘူး။ သူ့ကအမြဲတမ်း မထိုက်မျက်နှာလေးကိုပဲ တစိမ့်စိမ့်ကြည့်နေချင်ခဲ့တာ။ အခုလို ရည်စားဖြစ်သွားမှ ဒီလိုပေါ်တင်ကြည့်ဖို့ အခွင့်အရေးရတဲ့ဟာကို။

ဟိုဘက်က ထိုက်ထိုက်စံကလည်း ခုံလေးပေါ်လက်နှစ်ဖက်တင် မေးလေးအပ်၍ပဲ ခေါင်းကလေးမော့ကာ မော့ကာနဲ့ သော်တာမှူးဝေနှင့်အတူ မျက်လုံးချင်း ကလူကျီဆယ်နေကြပေသည်။

အဲ့လိုကြည်နူးနေတဲ့ သူတို့နှစ်ယောက်ကြား ရုတ်တရက်ကြီး ခြားနားခံလိုက်ရသည့် အတားအဆီးတစ်ခု။ မထိုက်ခုံပေါ်မှာ ပါဆယ်ဘူးသေးလေးတစ်ခု ရောက်ရှိလာခဲ့လေသည်။

အဲ့မှာ သော်တာမှူးဝေတစ်ယောက်တော့ ချက်ချင်းပဲ စိတ်ပျက်သွားသလို မျက်နှာထားဖြစ်သွားလေတော့သည်။

'ကျစ်...ဒီroll 1မက ငါ့မထိုက်ကို ဘာတွေလာပေးပြန်ပြီလဲ မသိဘူး။ တကယ်ပါပဲ...မထိုက်ကို ကလေးများ မှတ်နေလားပဲ'

"ဒီနေ့က ညီမမွေးနေ့လေ အမထိုက်ထိုက်။ အဲဒါကြောင့် ညီမကိုယ်တိုင်လုပ်ထားတဲ့  ကိတ်မုန့်လေး အမကိုလာပေးတာ "

ထိုက်ထိုက်စံမှာလည်း ယောင်နနနဲ့ပဲ
"ဪ...ဒီနေ့က ခိုင်မာမော်ရဲ့ မွေးနေ့လား။ happy birthday နော် ခိုင်မာမော်။ ဒါပေမယ့် ဒီကိတ်မုန့်ကိုတော့ အမလက်မခံပါရစေနဲ့လား။ ညီမသူငယ်ချင်းတွေနဲ့ပဲ ဝေမျှစားလိုက်ကြပါ"

လက်စသတ်တော့ ဒီနေ့က ခိုင်မာမော်ရဲ့မွေးနေ့ကိုး။ အဲ့ဒါကြောင့် မထိုက်ကို ကိတ်မုန့်နဲ့ လာသွေးဆောင်နေတာပေါ့လေ။

ME AFTER YOUWhere stories live. Discover now