ep 40

2K 166 0
                                    

Flashback 《《《《

တက္ကသိုလ် ဒုတိယနှစ် ကျောင်းဖွင့်ပြီးစကာလလေး အဲ့နေ့က ထိုက်ထိုက်စံတစ်ယောက် ကျောင်းကို နောက်ကျမှ ရောက်လာခဲ့သည်လေ။
သို့ပေမယ့် သူကအေးအေးဆေးဆေးလေးပဲ လမ်းလျှောက်လျှက် ကျောင်းခန်းဆီသို့ လာနေခဲ့ပါသည်။

သူ ကျောင်းကော်ရစ်တာတစ်လျှောက်ကို တစ်လှမ်းချင်း လှမ်းလာနေချိန်မှာပဲ အခန်းတွေရှိတဲ့ဖက်မှ ကောင်လေးတစ်အုပ်စုက ဟီးလေးဟားလေးနဲ့ ထွက်လာကြသည်။ ကြည့်ရတာ အတန်းလစ်ပြီး ကျောင်းပြေးကြဖို့ လုပ်နေတဲ့ပုံပဲလေ။

သူတို့တွေက ဘေးကပ်ပြီး ရပ်ပေးနေတဲ့ ထိုက်ထိုက်စံကို ကျော်၍ ထွက်သွားကျချိန်မှာ သူတို့ထဲက ကောင်လေးတစ်ယောက်ကတော့ အဲ့အဖွဲ့နောက်ကို ဆက်မလိုက်သွားတော့ဘဲ
ထိုက်ထိုက်စံရှေ့မှာ ပိတ်ရပ်လာခဲ့သည်လေ။

"ဟိတ်....ကောင်မလေး! အခုမှ အတန်းလာတက်တာလား။ ဘယ်အတန်းကလဲ"

ထိုက်ထိုက်တစ်ယောက် သူသွားမဲ့ လမ်းကို ပိတ်ရပ်ပြီး စကားလာပြောနေတဲ့ ထိုသူကို မော့ကြည့်လိုက်တယ်။
စိတ်မဝင်စားသလို မျက်လုံးအရောင်နဲ့ ဘာလာရှုပ်နေတာလဲဆိုတဲ့ မျက်နှာဘေးနဲ့ပဲလေ။

ထိုတစ်ခဏ....တစ်ဖက်က ကောင်လေးရဲ့ ရင်မှာတော့ လက်ပစ်ဗုံးချဲသွားသလိုပဲ ဝုန်းဒိုင်းဝုန်းဒိုင်း ဖြစ်သွားရချေပြီ။

လူကို ဘာမှပြန်မပြောဘဲ ရုပ်တည်ကြီးအတိုင်းရပ်နေတဲ့ အရပ်ရှည်ရှည်လေးနဲ့ ကောင်မလေး...

တော်သေးတာပေါ့။ သူ့ အရပ်ကလည်း ရှည်တဲ့အထဲမှာ ပါ လို့ သူ့ရှေ့က ကောင်မလေးကို မော့မကြည့်ရလေချင်းလို့ အက်ခွန်းရဲ့ စိတ်ထဲတွေးမိသွားလေတယ်။

"ဟေ့ ကောင်မလေး ကိုယ်မေးတာ ပြန်ဖြေဦးလေ"

"ဒုတိယနှစ်"

"ဟမ်...."

ကိုယ်ကမေးတာကို ဘာမှမတုံပြန်လောက်ဘူး ထင်ထားပေမယ့်။ ရုပ်တည်ကြီးနဲ့ ပြန်ဖြေလာတဲ့ စကားကြောင့် အက်ခွန်းတောင် ရုတ်တရက်ကြီး ကြောင်သွားရတယ်လေ။

"သွားလို့ရပြီလား"

"ဟမ်...အမ်"

မထုံတတ်ထေးနဲ့ ကောင်မလေးက သူ့ရှေ့က ထွက်သွားပြီး ခပ်အေးအေးပဲ လမ်းလျှောက်သွားခဲ့ပြန်တယ်။

ME AFTER YOUWhere stories live. Discover now