အပိုင်း ၁

8K 350 15
                                    

:နာတယ်!........ဖြည်းဖြည်းလုပ်ဟ!...နာတယ်လို့!!!

:ဖြည်းဖြည်းလုပ်နေတာဘဲလေ
နင်ကိုကအကဲပိုနေတာ !

:ရားးးးးနာတယ်လို့ပြောနေတယ်လေ!!

:မင်းတို့ ဘာဖြစ်နေကြတာလဲ
ဒါဆေးရုံဆိုတာသိကြရဲ့လား

စိမ်းရဲ့ရုံးခန်းရှေ့မှာအော်သံကြားလို့ထွက်ကြည့်တော့
ခပ်ငယ်ငယ် ကောင်မလေးနှစ်ယောက်

လွိုင်း : သိတယ်! သူလုပ်တာ

: ရားးးးးးလွိုင်းမြန်မာ နင့်ကို
ဆေးရုံလိုက်ပို့တာတောင် ကျေးဇူးတင်လိုက်အုန်း!

ထိုနှစ်ယောက်စကားများတာကိုကြည့်ရင်း
ကိုယ်တောင်မျက်စိတွေနောက်လာသလို

:နင်လုပ်လို့ဖြစ်ရတာနင်လိုက်မပို့တော့
ဘယ်သူလိုက်ပို့ပေးရမှာလဲ!

: ဟိတ်နှစ်ယောက် မင်းတို့အော်မနေနဲ့
ဝင်ဝင် ရုံးခန်းထဲ အရင်ဝင်

ထိုနှစ်ကောင်ကိုရုံးခန်းထဲတွန်းထည့်လိုက်ကာ

:ထိုင် လူနာ!!!

ကုတင်ပေါ်မှာထိုင်ခိုင်းတော့
ဆူပုတ်ပုတ်နှင့်စိမ်းကိုမျက်စောင်းတွေထိုးနေကာ

: လက်ပြ

:မပြဘူး! နာတယ်

: ဟိတ် မင်းလက် ကို မပြဘဲ
တို့ ဘယ်လိုဆေးကုပေးရမှာလဲ!

: ရှင်ဘဲ ပြောတော့ မအော်နဲ့ဆို!

အခန်းထဲက နက်စ် များမှာပင်
ပြုံးစိစိဖြစ်သွားကြသည်

: ဟုတ်ပြီ ဟုတ်ပြီ
မအော်နဲ့ ပေးလက်

ဆံပင်ကိုနောက်သို့ပို့ရင်း
အရှက်ပြေသူ့လက်ကိုဆွဲယူလိုက်တော့

: အားးးးးးနာတယ်လို့!!!!

နားပင်အူသွားလေပြီမို့
နားတစ်ဖတ်ကိုအုပ်ကိုင်လိုက်ကာ

: မင်းဘယ်လိုဖြစ်လို့ အာပြဲနေရတာလဲ

သူ့ခေါင်းကို ဂွပ်ကနဲ ခေါက်လိုက်သည့် စိမ်း

:အ! နာလို့နာတယ်အော်တာလေ
နာတာတောင်မအော်ရဘူးလား!
ဖယ် ရှင်နဲ့မကုနိုင်ဘူး
ဘယ်လိုလူလဲမသိဘူး ဖယ်ကွာ နာတယ်လို့!!
ဘာလုပ်တာလဲ......လွှတ်ပေး!!! လူဆိုးမကြီး !!!

"For Doctor"Dove le storie prendono vita. Scoprilo ora