အပိုင်း ၁၁

2.1K 128 10
                                    

:လွိုင်း ကို အဘိုးရဲ့ပိုင်ဆိုင်မှုတွေလွဲပေးချင်တာ
အိမ်ကသူတွေအားလုံးနဲ့တိုင်ပင်ပြီးပြီ သမီးလက်ခံပါ

စာချုပ်ကိုပေးလာသည့်အဘိုးလက်ကိုပြုံးပြီးငေးကြည့်နေရင်း အသာပြန်တွန်းဖယ်ပေးလိုက်သည်

:သမီး နိုင်ငံခြားမှာဘဲအပြီးနေတော့မယ် အဘိုး
ဒီမှာနေရာတာအရမ်းပင်ပန်းနေပြီ

:သမီး မဟုတ်သေးပါဘူး ဒါဆိုအဘိုးကရော်
သမီးကအဘိုးမြေးအရင်းမဟုတ်တော့တာနဲ့
ဘာမှမပြောင်းလဲသွားဘူးနော် ဒီအိမ်ကသမီးအိမ်ဘဲ
နွဲ့ရီ နဲ့ သမီးအဖေလဲ အရင်လိုဘဲ
သမီးကိုမျော်နေကြတုန်း
ဒီအိမ်ကသမီးအိမ်ဘဲ ဘာမှမပြောင်းလဲဘူးသမီး

:သမီးသိပါတယ် ဒါမဲ့ သမီးဒီမှာနေရတာ
မပျော်တော့ဘူး သမီး ဟိုက ကုမ္ပဏီတစ်ခု
အလုပ်ရပြီ အဲ့မှာဘဲနေတော့မယ်

:ကဲ ဒါဆိုလဲ သမီးသဘောဘဲ ဒါမဲ့
သီတင်းကျွတ်ရောက်တိုင်း
မြန်မာပြည်ပြန်လာမယ်လို့ ကတိပေး

:လွိုင်းကတိပေးပါတယ်

:ဒါဆိုလေဆိပ်ကိုအဘိုးလိုက်ပို့ရမလား

:ရတယ်အဘိုးကလဲ သမီးကိုမိုးလာခေါ်မှာ

:နှုတ်ဆက်မသွားတော့ဘူးလား စိမ်းကို

:လွိုင်းသွားတော့မယ် အဘိုး

:ကောင်းပြီ ကောင်းပြီ လမ်းခရီးဖြောင့်ဖြူးပါစေ
ပြီးတော့ လွိုင်းမြန်မာဆိုတဲ့နာမည်ကို
မစွန့်လွှတ်လိုက်လို့ အဘိုးဝမ်းသာရပါတယ်

:လွိုင်းကသာအဘိုးကိုကျေးဇူးတင်ရမှာပါ
လွိုင်းကိုမြေးအရင်းတစ်ယောက်လို
စောင့်ရှောက်ပေးခဲ့လို့

:ဟုတ်ပါပြီ ငယ်ငယ်ကလို
လေယာဥ်စီးရင်မကြောက်တော့ဘူးမလား

:မကြောက်ပါဘူး အဘိုးသာနေကောင်းအောင်နေပါ
နောက်နှစ်သီတင်းကျွတ် ကျရင် အဘိုးဆီ
လွိုင်းရောက်အောင်ပြန်လာမယ်

:ဟုတ်ပြီ good luck ငါ့မြေး

:ဟုတ် အဘိုး

....

ကိုယ်ဘယ်လိုလုပ်ရမလဲ ခင်
အခုကလေးတွေကတစ်နေရာဆီဖြစ်ကုန်ကြပြီ

"For Doctor"Όπου ζουν οι ιστορίες. Ανακάλυψε τώρα