အပိုင်း ၉

2.5K 155 14
                                    

"ဒုန်း!"

"မင်းဒါဘာလုပ်တာလဲ"

"မမြင်ဘူးလား"

မနက်စောစောစီးစီး
စိတ်တိုနေသည့်လွိုင်းမှာ
စိတ်မကြည်သည်မို့
အိမ်ကအထွက် ပန်းအိုးတွေကို
ကား​ဖြင့်ဝင်တိုက်လေသည်

"ဒီပန်းပင်တွေကသက်လျာကြိုက်လို့
စိုက်ပေးထားတာကွ"

"အဲ့ဒါဆိုပြန်စိုက်လိုက်လေ"

"မင်းစိတ်တိုတိုင်းသောင်းကျန်းမနေနဲ့နော်
မှူးသက်ခြယ်"

"သောင်းကျန်းတော့ဘာဖြစ်လဲ ခင်ဗျားက"

အစ်ကိုဖြစ်သူနှင့်စကားများနေသည့်လွိုင်းမြန်မာ
အိမ်ထဲမှမိဘနှစ်ဦးစလုံးပြေးထွက်လာပြီး

"ကလေးတွေဘာဖြစ်ကြပြန်တာလဲ"

"သက်လျာပန်းအိုးတွေကို
ကားနဲ့ဝင်တိုက်သွားတယ်လေ
ဒီမှာအကုန်ကွဲကုန်ပြီ"

"အဲ့ဒီပြဿနာအစကခင်ဗျားတို့ဘဲလေ
ကိုယ်စိတ်တိုလို့သောင်းကျန်းချင်
ထသောင်းကျန်းမယ် ဒါကိုငြိမ်ခံနေလိုက်
ဒါတွေက ခင်ဗျားတို့
ဒီမှာလာနေခိုင်းလို့ ဖြစ်ရတာတွေကြည့်ဘဲ"

မျက်ခုံးနှစ်ဖက်ကိုကြုံ့ကာ
ခါးထောက်ပြီး ဂျစ်ကန်ကန်ပြောနေသည့်
လွိုင်းရဲ့ စိတ်တိုနေသည့်ပုံ က အမြင်ကပ်စရာ
မကောင်းသည့်အပြင် ခွေးပေါက်စလေး
ဟောင်နေသည့်အတိုင်းချစ်စရာကောင်းနေသည်မို့
မိဘတွေက တစ်ယောက်ကို
တစ်ယောက်ကြည့်ကာရယ်ချင်နေကြပြီး
အစ်ကိုဖြစ်သူကတော့ မျက်မှောင်ကြီးကြုတ်ကာ
ပြုံးချင်ချင်ဖြစ်လို့နေသည်

"သမီးရယ် သက်လျာစိတ်မကောင်းဖြစ်နေရင်
ဘယ်လိုလုပ်မလဲ နောက်တစ်ခါ သောင်းကျန်းချင်
ဖေဖေ့ကိုပြော ဖေဖေစီစဥ်ပေးမယ်"

မျက်မှောင်လေးကဆက်ကနဲကြုတ်သွားကာ

"ဒီအိမ်က ဒီလိုဘဲလား သောင်းကျန်းချင်ရင်
သောင်းကျန်းခွင့်တောင်းရတာ က"

"မဟုတ်ပါဘူး မဟုတ်ဘူး
သမီးသောင်းကျန်းချင်သလောက်
သောင်းကျန်းလို့ရတယ်
ဖေဖေတို့ကသမီးကိုမဆူဘူး စိတ်ချ "

မှုန်ကုပ်ကုပ်နှင့်မယုံသင်္ကါကြည့်လာပြီး
ဘာစကားမှမပြောဘဲလှည့်ထွက်သွားသည့်
လွိုင်းကြောင့် အမေဖြစ်သူမှ

"For Doctor"Where stories live. Discover now