အပိုင်း ၈

2.7K 127 7
                                    

ကိုယ် က နို့စိမ်းရောင် ကို ကြိုက်တာ

: ဟင့်အင်း တို့ခရမ်းရောင် ဘဲကြိုက်တာ

ဆေးရုံဝတ်စုံလေးနှင့်သူ့ကိုစိမ်းမှာ
အဖော်ပြုပေးနေရလေသည်

: ကိုယ်ပြောတာအမှန်

: မှားနေတယ်

: ဟာ

အမြဲလိုလိုဆန့်ကျင်ဘက်အကြိုက်တွေကြောင့်
လွိုင်းနဲ့စိမ်းစကားခဏတိုင်းများရလေသည်
............................................

စိမ်းသူ့လေးပျင်းနေမည်စိုး၍
စိတ်လွတ်ကိုယ်လွတ်
ဆေးရုံအပေါ်ဆုံးအထပ်သို့
လေညင်းခံထွက်စေရန်ခေါ်လာမိစဥ်

စိမ်းမျက်ဝန်းတွေကိုကြောက်သလို
ကြည့်နေသည့်သူမရဲ့မျက်ဝန်းလေးကြောင့်

လွိုင်း ဘာဖြစ်လို့လဲ

ဟင်

ဘာဖြစ်တာလဲလို့လေ

ဟို ဘာမှမ​ဖြစ်ပါဘူး ဒီတိုင်း

တို့လေ ဒီနေရာကိုသိပ်ကြိုက်တာဘဲသိလား

ဆေးရုံအပေါ့ဆုံးအထပ်မှမြို့အတွင်းမှ
ရှုခင်းတို့ကိုငေးကြည့်ရင်း
ဘေးနားမှလွိုင်းကိုသတိမထားမိ

လက်ဖျားတို့အေးစက်နေသည့်
လွိုင်းမှာထိုင်ခုံမှာခဏထိုင်ချလိုက်လေသည်

လွိုင်း တစ်ခုခုဖြစ်လို့လား

အင်း ဟို ကိုယ်......
ဒီတိုင်း အမြင့်ကြောက်တတ်လို့ပါ ဒီတိုင်း....

လက်နှစ်ဖက်ကိုစုကိုင်ထားကာ
နဖူးလေးမှချွေးစို့နေသည်မို့
သူ့နဖူးလေးကိုခပ်ဖွဖွပွတ်သပ်ပေးကာ

ပြန်ကြမယ်လေ
မင်းကြောက်တတ်မှန်း တို့မသိလိုက်ဘူး
ထ ပြန်ကြမယ်လေ

မဟုတ်ဘူး ရတယ် ကိုယ်ခင်ဗျားနဲ့အ​ဖော်နေပေးမယ်

ပြောသာပြောနေပင်မဲ့ ဒူးခေါင်းလေးကိုလက်ဖြင့်
ပွတ်သပ်နေသည်မို့ သူ့လက်လေးတွေကို
ခပ်ဖွဖွဆွဲယူလိုက်ပြီး စိမ်းပြုံး၍သာကြည့်လိုက်သည်

ဟေး ဒီမယ်... တို့ပြောမယ်
မင်းအတွက်အဆင်မပြေတဲ့အရာတွေ
မင်းကြောက်တတ်တဲ့အရာတွေရှိရင်
တို့ ရှိနေတာကိုသတိရပေး
တို့ က မင်းလေးမထိခိုက်သွားအောင်
တို့ကာကွယ်ပေးထားမယ် ဘယ်လိုလဲ

"For Doctor"Where stories live. Discover now