အပိုင်း ၁၂ (Final)

2.3K 136 16
                                    

မနက်အိပ်ယာနိုးတော့
သူဟာစိမ်းအနားမှာရှိမနေပါ
မနက်စောစာနိုးသွားပုံပါဘဲ

အိပ်ယာထကာမျက်နှာသစ်ပြီး
ဆေးရုံသွားဖို့ပြင်ကာ

:လွိုင်း တို့ဒီနေ့ညနေဘက်အိမ်ပြန်နောက်ကျမယ်ထင်တယ် ဆေးရုံမှာ ဆရာတို့နဲ့ညစာစားပွဲရှိလို့

နားကပ်တစ်ဖက်ကိုတပ်ရင်း
အပြင်ထွက်လာသည့်
စိမ်းကိုသူကမနက်စာစားရင်းလှည့်ကြည့်လာသည်

:တို့ကိုစောင့်မနေနဲ့နော် ညစာ
ဗိုက်ဆာရင်စားထားနှင့်လိုက် ဟုတ်ပြီလား

အခုချိန်ထိ လွိုင်းကိုကြည့်မလာဘဲ ကားသော့ယူလိုက် ဖိနပ်စီးလိုက်ဖြင့်အလုပ်ရှုပ်နေသည်

:နော် တို့သွားတော့မယ်

:နေအုန်း!

ဟိန်းကနဲထွက်လာသည့် သူ့အသံကြောင့်
စိမ်းလန့်သွားကာ

လွိုင်းဆီကိုကြည့်လိုက်တော့
ည၀တ်အင်္ကျီအဖြူလေးနှင့်ပင်

စိမ်းကိုခါးထောက်ကာရပ်ကြည့်နေပြီး

:ဘာလဲ စကားကိုတိုးတိုးပြောလည်းရတာဘဲကို
ဘာဖြစ်နေတာလဲ အခုက

:ကိုယ့် ကို အခုချိန်ထိ မနက်စာမပြင်ပေးရသေးဘူးနော်
ကိုယ်ဗိုက်ဆာတယ် မနက်စာပြင်ပေး

:မဟုတ်လဲ မင်းအဲ့မှာအသီးတွေစားနေတာဘဲ
ဗိုက်ဆာလို့လား

:ဟုတ်တယ်

စိမ်းနာရီကိုတစ်ချက်ကြည့်လိုက်ကာ

:တို့လူနာနဲ့ချိန်းထားတာနောက်ကျတော့မယ်

:လူနာကကိုယ့်ထပ်အရေးကြီးတယ်ပေါ့ ဟုတ်လား

:လွိုင်းမြန်မာ~

စိတ်မရှည်စွာနာမည်အပြည့်အစုံခေါ်လိုက်တော့
ခါးထောက်ထားသည့်သူ့လက်တွေက
ပြေလျော့လာသည် သူကချောင်းတစ်ချက်ဟန့်သည်

:ကိုယ်ပြောမယ် မနက်စာမပြင်ပေးချင်ရင်တောင်
ကိုယ်ကြိုက်တာတစ်ခုခု...

:မင်းကဘာကိုကြိုက်တာလဲ မဟုတ်လဲ
တို့မရှိရင် ပုံမှန်အပြင်ဘဲ
ထွက်စားနေကြမဟုတ်ဘူးလား

"For Doctor"Where stories live. Discover now