အပိုင်း ၃

3.4K 256 12
                                    

စိမ်း : ရောက်ပြီလား

: အင်း တတ်တော့
လမ်းပြောအုန်း ရှင့်အိမ်ကိုမသိဘူး

ကားထဲမှာအင်္ကျီုအဖြူအပါးလေးနှင့်
ဘောင်းဘီပေါင်လည်လောက်လေးကိုဝတ်ထားပြီး
ဆံပင်ကိုစုကာထုံးစည်းထားသည်မှာ
ကလေးပုံစံလေးပင်

လွိုင်း : ဘာကြည့်တာလဲ

စိမ်းသူ့ကိုကြည့်နေတာသိတော့
အနေခက်သည့်ပုံနှင့်

: မင်းပုံက

:​ ဪ အိမ်နေရင်းနဲ့လာတာလေ
ဘယ်သူနဲ့မှတွေ့စရာမှမရှိတာ
ရှင်တစ်ယောက်ရှိတာ

:ရေရော်ချိုးခဲ့ရဲ့လား
ကြည့်ရတာ ညစ်တီးညစ်ပတ်နဲ့

စိမ်းကိုမျက်စောင်းထိုးကြည့်လာကာ

:ဟာ မအိပ်ခင်ကတင် ​ရေချိုးပြီးပါပြီ
ရှင်ကိုအိမ်လိုက်ပို့ပေးမဲ့သူကိုဒီလိုပြောစရာလား

:တို့ က ညစ်ပတ်တာမကြိုက်ဘူးလေ
ကြည့်အုန်း စုတ်တီးစုတ်ပျက်လေး

ပခုံးပေါ်ကသူ့အင်္ကျီစလေးကိုမကာပြောတော့
စိမ်းလက်ကိုပုတ်ထုတ်သည်

: ဘယ်မှာ စုတ်ပျက် နေလို့လဲ
အိမ်နေရင်းနေရင်တောင်ရှင်ပြောသလို
တစ်ခါမှစုတ်စုတ်ပျက်ပျက်မနေဖူးဘူး

စိမ်းရယ်မိတော့ စိမ်းကိုမျက်စောင်းထိုးသည်လေ

*ဒီကလေးကတကယ့်ကလေးလိုဘဲ
ချစ်စရာတော့ကောင်းသား

တကယ်တော့ သူ့ပုံလေးကချစ်စရာလေးပင်မို့
သပ်သပ် စနောက်နေသည်

: မင်းပါးတွေကဖောင်းအစ်နေတာ​ဘဲ
အခုမှအိပ်ရာကထလာတာလား

သူ့ပါးကိုစိမ်းလက်ညိုးနဲ့တို့တော့
စိမ်းလက်ကိုတွန်းထုတ်သည်

: ဟုတ်တယ်

: အယ် မင်း ကလေးလိုကြီး
အခုထိနေနေတုန်းလား
တို့ကမင်းရည်းစားတွေမှိုလိုထားပြီး
အလန်းလေး ထင်နေတာ

:ဘယ်သူကရည်းစားတွေမှိုလိုထားနေလို့လဲ
လွိုင်းမြန်မာ က အရှုပ်အရှင်းကင်းတယ်
အဲ့ဒါတွေထားပါ ရှင့်ကိုပြောနေတာနဲ့
နောက်ကျတော့မယ်​ ရှင့်အိမ်
သွားတဲ့လမ်းကိုပြောပါဆိုနေ

"For Doctor"Where stories live. Discover now