အပိုင်း ၁၀

1.7K 110 3
                                    

သမီး စိမ်း

ဟုတ် အဘိုး

လွိုင်းဆီရောက်ဖြစ်သေးလား

ဟုတ် မနေ့ကရောက်ဖြစ်တယ်အဘိုး
လွိုင်းဖျားနေလို့ သမီးဆေးတိုက်ခဲ့တယ်

မနေ့ညက....

လွိုင်း တို့ကခဏနေပြန်တော့မှာ
မင်းဒီညအိပ်ပျော်အောင်လို့ဆေးပေးခဲ့မယ်
သောက်လိုက်နော်

ဆေးမသောက်တတ်တာမသိဘူးလား

လွိုင်း

အဲ့ဒီခင်ဗျားပေးတဲ့ဆေးကိုသောက်ရင်
ခင်ဗျားဘာပြန်ပေးမှာလဲ

ဘာပြန်ပေးရမှာလဲ

ကုတင်ပေါ်မှာထိုင်နေသည့်
သူကစိမ်းတစ်ချက်ကြည့်လာသည်

မင်းကဘာလိုချင်တာလဲ

စိမ်းသူ့အနားကိုသွားလိုက်တော့
စိမ်းပခုံးကိုဆွဲချကာ

ပြွတ်

စိမ်းရဲ့နှုတ်ခမ်းသားလေးကို
ထိကပ်ကာနမ်းသွားသည့်လွိုင်း

စိမ်းမှာပြုံးသွားကာ

လ်ွိိုင်း~ မင်းအခုတို့ကိုနမ်းလိုက်တာလား

ဘာ ဘာလို့လဲ ခင်ဗျားဘဲလိုချင်တာပေးမယ်ဆို

မင်းလိုချင်တာ ဒါလား

မျက်နှာကိုခဏလွဲနေသည်မို့
စိမ်းသူ့မျက်နှာလေးကိုပြုံးပြီးလိုက်ကြည့်တော့

နမ်းတယ်ဆိုတာ ဒီလိုမျိုးလေ လွိုင်းရဲ့

သူ့ပါးပြင်အထပ်မှာ
စိမ်းလက်ဖဝါးနုလေးတွေနေရာယူလိုက်ပြီး

သူ့ရဲ့အောက်နှုတ်ခမ်းသား​လေးတွေကို
ငုံ့ကာနမ်းရှိုက်တော့ သူ့မျက်ခွံလေးတွေမေးစင်းလာပြီး စိမ်းရဲ့ခါးကိုပြန်လည်ဖက်တွယ်လာသည်

စိမ်း သူ့နှာခေါင်းထိပ်လေးကိုကိုက်ခဲကာ
ခပ်ဖွဖွလေးနမ်းလိုက်တော့
သူကစိတ်လိုလက်ရပြုံးသွားလေသည်

ကဲ ပြော အခုရော် ဆေးသောက်မှာလား

အင်း

စိမ်းသူ့ကိုကြည့်လိုက်ပြီး
ချစ်သည့်စိတ်တွေကိုထိန်းချုပ်လို့မရနိုင်တော့

"For Doctor"Where stories live. Discover now