အပိုင်း၂

4.1K 301 28
                                    

ပြိုင်ပွဲကိုခိုးပြီးဝင်ပြိုင်ဖို့
နှစ်လလောက်ပျောက်သွားသည့်လွိုင်းကြောင့်
အခုမှသိသည့်

အဘိုးဖြစ်သူ ဦးပင်လုံ စိတ်တိုနေသည်

:မင်းသမီးကိုမင်းဘာမင်း
မစောင့်ရှောက်နိုင်ရင်
ငါ့အိမ်ကိုလာနေခိုင်းလိုက်လို့
မင်းကိုဘယ်နှစ်ခါပြောနေရမှာလဲ
အခုကြည့် သမီးမိန်းကလေးတစ်ယောက်
၂လလောက်ပျောက်သွားတာကို
မင်းမို့လို့လိုက်မရှာဘဲနေနေနိုင်တယ်
ကဲ ပြောစမ်းပါအုန်း အခု
ဘယ်မှာရောက်နေတယ်လို့
မင်းခန့်မှန်းထားသလဲ
မဟုတ်လို့ကတော့ကွာ ဖအေရော်
သမီးပါနာပြီသာမှတ်

:အဖေ့ ကျွန်တော့် နဲ့ ဘာဆိုင်လို့လဲ

:မင်း မင်း အပိုမပြောနဲ့
မင်းဒီအသက်အရွယ်ရောက်နေပြီ
အိမ်ထောင်လဲထပ်မယူဘဲ
မင်းတစ်ယောက်တည်း မင်း သမီးကို
မင်းတစ်ယောက်တည်းစောင့်ရှောက်နိုင်ပါတယ်ဆို
အခုကြည့်

: အဖေရာ မဟုတ်သေးပါဘူး

:မဟုတ်တာတွေဟုတ်တာတွေ လာမပြောနဲ့
မင်း သမီး အခုဘယ်ရောက်နေလဲ
စုံစမ်း စမ်း အခုချက်ချင်း
တကယ်ဆိုပျောက်တဲ့နေ့တည်း က စုံစမ်းရမှာ
အသုံးကိုမကျကျဘူး

:ဟာ အဖေရာ ကျွန်တော်စုံစမ်းပြီပါပြီ
အဖေ့မြေးက မော်စကို ရောက်နေတာလို့
သမီးအရိပ်မိုး က ပြောတယ်

:တောက်စ် ငါကွာ အဲ့ကလေးက
လက်တွေခြေထောက်တွေကျိုးလာအုန်းမှာ
မင်းကွာ ငါရိုက်လို့လဲ ဒီအသက်အရွယ်ရောက်နေပြီ

ဦးပင်လုံတစ်ယောက်မြေးဖြစ်သူကိုစိတ်ပူပန်နေပြီး
ဘေးပတ်ဝန်းကျင်ကိုတောင်ဂရုမစိုက်မိ

ရုံးခန်းထဲတစ်ယောက်တည်းရှိသည်အထင်နှင့်
ဖုန်းပြောနေသည့် ဦးပင်လုံ အား
ကြည့်နေကြသည် ဆေးရုံဝန်ထမ်းများ

:ဘာကြည့်နေကြတာလဲ
ကိုယ့်တာဝန်ကိုသွားလုပ်ကြ

:ဟို ဒေါက်တာ ဆေးရုံမှတ်တမ်းတွေယူလာခိုင်းလို့ပါ

:ဪ ဪ ဟုတ်ပြီ ဟုတ်ပြီ
ထားခဲ့ချည်

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"For Doctor"Where stories live. Discover now