3

471 60 2
                                    

ဂယောင်ဆူး သူနိုးလာတော့အရင်ဆုံးမျက်​ကြပ်ဖြူဖြူကြီးကိုတွေ့ရသည် မွေ့ယာကြီးကလဲနူးညံ့နေတာဘဲ အခန်းထဲကိုမျက်လုံးဝေ့ကြည့်လိုက်တော့ မျက်လုံးပြူးသွားတာဘဲ အခန်းကသူ့အခန်းထက်နှစ်ဆလောက်ကြီးတယ် အခန်းထဲမှာအဆင့်မြင့်အသုံးအဆောင်တွေမှအများကြီး
ဂယောင်ဆူး စဥ်းစားနေမိတယ် မနေ့ကသူအချိန်ပိုင်လုပ်တဲ့ဆိုင်က စားသောက်ဆိုင်ဆိုတော့လူကျတော့နောက်ကျသွားသည် hyungကလိုက်ပို့မယ်လို့တော့ပြောပါတယ်hyungကိုအားနားပြီးမလိုက်ပို့ခိုင်းလိုက်တာ busကားစီးမဲ့နေရာကိုလမ်းလျှောက်သွားတော့ သူနောက်ကိုလူသုံးယောက်လိုက်လာတာတော့သိပါတယ် သူလမ်းသူသွားတယ်ထင်ပြီး နောက်တော့သူသွားတဲ့နောက်ကိုတောက်လျှောက်လိုက်လာတော့
ဂယောင်ဆူးလဲကြောက်ပြီးတွေ့တဲ့လမ်းထဲကိုပြေးဝင်သွားတာ ဟိုလူသုံးယောက်ကလဲနောက်ကလိုက်လာတော့လမ်းကြားထဲကအထွက်ကားတစ်စီးကလဲလာဆိုတော့သူလဲအဲ့အထိဘဲမှတ်မိတယ်...ဒါမှမဟုတ် သူသေသွားပြီးလားမသိဘူး

"ထိုစဉ်.........."

"ဒေါက်~~~ဒေါက်~~~ဒေါက်"

ဂယောင်ဆူး အတွေးလွန်နေတုန်းတံခါးခေါက်သံကြောင့်တံခါးပြေးသွားဖွင့်ရတယ် တံခါးဖွင့်လိုက်တော့အသက်ကြီးကြီး အန်တီကြီးတစ်ယောက်

"သခင်လေးနိုးပြီးလား"

"ဗျာ သားကိုခေါ်တာလား"

"ဟုတ်ပါတယ်သခင်လေး ကြီးမေကဒီအိမ်ရဲ့အိမ်တော်ထိန်းပါ သခင်လေး"

"ဟုတ်ကြီးကြီး သားနာမည်ကဂယောင်ဆူးပါ ဟို
သခင်လေးလို့မခေါ်ပါနဲ့လားသားကိုအဆင်ပြေသလိုခေါ်လို့ရပါတယ်"

"မဟုတ်တာ သခင်ကြီးက သခင်လေးလို့ခေါ်ခိုင်းလို့ပါ ဒီမှာသခင်လေးဝတ်ဖို့အဝတ်အစားပါ ရေချိုးပြီးအောက်ဆင်းလာခဲ့ပါ သခင်လေး သခင်ကြီးအောက်မှစောင့်နေတာမို့လိုပါ"

"ဟုတ် သားအခုဘဲရေချိုးပြီးဆင်းလာခဲ့ပါမယ်"

အိမ်တော်ထိန်းအရှေ့က ကလေးကိုကြည့်ပြီးကိုယ့်သားလေးတစ်ယောက်လိုချစ်နေမိတယ် ကလေးကဖြူဖြူစင်စင်လေး သခင်ကြီးဘာလိုသဲသဲလှုပ်လဲဆိုတာအခုမှသိတော့တယ် ကလေးလေးကချစ်စရာလေးကို......ဖြေးဖြေးလုပ်ပါသခင်လေးအောက်မှာစောင့်နေပါ့မယ်

အချစ်တွေပျိုးထားတဲ့ အိမ် {Completed }Where stories live. Discover now