16

343 42 0
                                    

"ဖွားဖွား "

"သားယောလ် အဖွားကမြေးကိုလွမ်းနေတာ"

"သားလဲ ဖွားဖွားကိုလွမ်းနေတာ"

ချန်းယောလ်အဖွားကိုပြေးဖက်လိုက်သည် ။ အဖွားကသူကိုကြည့်ပြီးမျက်ရည်လေးတစမ်းစမ်းဖြစ်နေသည်

ဂယောင်ဆူး ကိုကိုနဲ့ကိုကိုအဖွားကိုကြည့်ပြီးကြောင်နေသည် ။ ကိုကိုကသူကိုအရေးကြီးတဲ့လူနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးခေါ်လာတာဖြစ်သည် ။ ကိုကို့ကိုတစ်ခါမှမမြင်ဖူးတဲ့ပုံစံက်ိုကြည့်ပြီး ဂယောင်ဆူး အသည်းယားနေတာဖြစ်သည် ။ ကိုကိုကအမြဲရုပ်တည်ကြီးနဲ့နေတာများသည် ။ သူအပေါ်တော့ဂရုစိုက်ပြီးနွေးထွေးပေးသည် ။ အခုလဲကိုကိုကဖွားဖွားကိုချွဲနေသည် ။ ကိုကိုပုံစံကိုကြည့်ပြီး ဂယောင်ဆူးမှာအသဲတယားယားဖြစ်နေသည်

ဖွားဖွားက ချန်းယောလ်အနောက်က ငယ်ကိုတွေ့ပြီး ချန်းယောလ်ကို​ ဘေးတွန်းထုတ်လိုက်သည်

"မြေးငယ်ကဖွားဖွားမြေးရဲ့ကလေးလေးလား"

"ဟုတ်တယ်ဖွားဖွား သားရဲ့အသက်လေးလေ"


"ဟယ် ချစ်စရာလေးတော်"



"ဟီး....ကျေးဇူးပါဖွားဖွား"


"အယ်....လာထိုင်ကြလေးမက်တပ်ကြီးစကားပြောနေရတာအဆင်မပြေဘူးတော်"

"မြေးလေးနာမည်က"

"ဒိုဂယောင်ဆူးပါဖွားဖွား"

"မြေးအသက်ကကော"

"17ပါဖွားဖွား"

"အို....မြေးကြီးနဲ့အသက်ကွာတာပဲ"

"သားချန်း"

"ဗျာ"

"​မြေးငယ်အသက်ပြည့်တာနဲ့အမြန်ဆုံးလက်ထပ်လိုက်ကြ"

"ဗျာ"

"ဗျာ"

ချန်းယောလ်နဲ့ဂယောင်ဆူး အဖွားကိုကြည့်ပြီးကြောင်သွားသည်

"ဟုတ်တယ်လေးတော်..မြေးငယ်ကချစ်စရာလေး မတော်လို့တစ်ရှာတစ်ယောက်နောက်ပါသွားရင်အဖွားမြေးကြီးရင်ကျိုးရကြည့်ရဲ့အဖွားမြေးလေးအသက်ပြည့်ပြီးတာနဲ့ဖွားဖွားကသားမိဘတွေရှိမှာသွားတောင်းပေးမယ်"

အချစ်တွေပျိုးထားတဲ့ အိမ် {Completed }Where stories live. Discover now