15

361 42 1
                                    

"ကိုကို"

"ချစ်တယ်"

ချန်းယောလ်ကတော့မလှုပ်မရပ်တောင့်တောင့်ကြီးဖြစ်နေသည်

"ငယ် တောင်းပန်ပါတယ် ကိုကို "

"ငယ် ကိုကို့ကို စိတ်ညစ်အောင်လုပ်မိပြီးလာ
ဟင်"

"ကိုကို ငယ် ဆိုးနေလာဟင် ငယ်ဆိုးရင် ကိုကိုက ငယ်ကိုဆုံးမပေး ။ ငယ် ကိုကိုဘေးမှာဘဲ နေချင်တယ် ငယ်ကိုစိတ်မကုန်သွားပါနဲ့ ကိုကိုကလွဲပြီး ငယ်ကိုဘယ်သူမှဂရုမစိုက်ပေးခဲ့ဘူး ။ ငယ် အပေါ်ခုလို့ဂရုစိုက်ပြီး အလိုလိုက်ချစ်ပေးတာ ကိုကိုလွဲပြီး ဘယ်သူမှမရှိဘူး ။ ကိုကိုက ငယ်ကိုမောင်းထုတ်ရင်တောင် ငယ်က ကိုကို့ကိုတွယ်ကပ်နေမိမယ်ထင်တယ် ကိုကို "

အမှန်တော့ ချန်းယောလ် ငယ်ကိုစိတ်မဆိုးပါဘူး ။ ငယ် စိတ်အနှောက်အယှက်ဖြစ်မှာဆိုလို့ထလာတာပါ ငယ်က တစ်မျိုးထင်ပြီး သူကို့တောင်းပန်နေတာဖြစ်သည် ။ ချန်းယောလ်မလှုပ်မရပ်ဖြစ်နေတာကလဲ ငယ် ကချစ်တယ်တဲ့ ငယ် ရှိက တစ်ချိန်ချိန်ကျရင်ကြားရမယ်လို့တော့သူမျှော်လင့်ထားပြီးသားပါ အခုလို့ကြားလိုက်ရတော့ အံသြပြီးငယ်ကိုဘာမှပြန်မပြောနိုင်ဖြစ်သွားသည်

"ကိုကို ဟင့်"

"ဟာ ငယ် ဘာလို့ငိုနေတာလဲကွာ"


ချန်းယောလ် ငယ်ဘက်ကိုလှည့်လိုက်ပြီး ငယ် မျက်နှာပေါ်က ပုလဲလုံးလေးတွေကိုဖယ်ရှာပေးမိတယ်

"ကိုကို ဟင့် ငယ် ဟင့် ကို ဟင့် စိတ်..စိတ် ဟင့် ဆိုး...အီးဟီး ဟင့်...ဟင့်"

ချန်းယောလ် ငယ် ငိုသံမပီကလာပီကလာအသံလေးကိုသေချာနားထောင်းရင် ထငိုလိုက်တော့ ချန်းယောလ်မှာ ဘာလုပ်လို့လုပ်ရမလဲမသိဖြစ်သွားသည်

"အမေ့"

ဂယောင်ဆူးငိုရင် ကိုကိုကသူကို ချိုင်က​နေမပြီး ချီလိုက်တာဖြစ်သည် ။ အခုသူက ကိုကိုခါးမှာခြေထောက်ချိတ်ထာတာဖြစ်ပြီး ကိုကိုက သူကိုကလေးတွေချော့သလို့ ကျောလေးကိုပွတ်ပေးနေသည်

ကျွတ်ကျွတ်ကျွတ် မငိုတော့နဲ့နော် ခေါင်းကိုက်လေ့မယ် ။ ချန်းယောလ် ငယ်ကိုချီရင် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့ သိမ့်နေလိုက်သည်။ ရှိုက်သံလေးကတော့ ထွက်နေသေးသည် ။ ချန်းယောလ် ဒီကလေးကိုချစ်လိုလို့ မြိုချပြစ်လိုက်ချင်သည် ။ ခနကြာတော့ အသက်ရှုသံ မှန်မှန်လေးကြားရသည် ။ ချန်းယောလ် ငယ်ကို အိပ်ယာပေါ် အသာလေးချပေးလိုက်သည် ။ မျက်နှာမှာ ငိုထားတဲ့မျက်ရည်လေးတွေက မခြောက်သေးဘူး တစ်ချက်တစ်ချက် ဟင့် ဆိုပြီးရှိုက်သံလေးထွက်နေသေးသည် ။ ချန်းယောလ် အူယားပြီး ပါးလေးကိုနစ်ဝင်နေအောင် နမ်းလိုက်သည် ။ ငယ် ရဲ့ပါးလေးက နမ်းမဝ ချန်းယောလ် ငယ် ပါးကိုကြည့်လိုက်တော့ သူနမ်းတာကြမ်းသွားလို့ထင်တယ် နီရဲလာသည် ။ ချန်းယောလ် ငယ် ပါးလေးကိုဖွဖွလေး ပွတ်သပ်ပေးလိုက်သည် ။ ငယ် ပါးပြင်လေးက နူးညံ့နေတာဘဲ သူလက်နဲ့တောင်မထိရက်ဘူး ငယ် ကိုကြာလေးချစ်မဝလေးဘဲ တစ်ရက်ထက်တစ်ရက် ပိုပိုချစ်လာရသည် သူ့ကောင်လေးကို

အချစ်တွေပျိုးထားတဲ့ အိမ် {Completed }Where stories live. Discover now