6

363 47 3
                                    

ချန်းယောလ်အိပ်ယာကနိုးလာတော့စားပွဲခုံပေါ်ကနာရီကိုကြည့်လိုက်တော့6နာရီထိုးနေပြီး ရင်ခွင်ထဲကကလေးကတော့အိပ်မောကျနေသည်
ကလေးသူ့ရှိကိုရောက်နေတာတစ်ပတ်တောင်ရှိနေပြီးသူလဲဖွားဖွားရှိကိုမရောက်ဖြစ်သလိုကုမ္ပဏီကိုလဲမသွားရသေးဘူးကလေးဘေးမှာဘဲကပ်နေတာ ဒီနေ့တော့ကုမ္ပဏီကိုသွားရအုန်းမယ်
ချန်းယောလ်ကလေးကိုကြည့်ပြီးရယ်မိတယ်ကလေးမှာအကျင့်တစ်ခုရှိတယ်ညအိပ်ရင်ဖက်လုံးနဲ့မှအိပ်တက်တဲ့က​လေးအကျင့်လေးကအူယားစရာကောင်းသည်။ကလေးအိပ်ပြီးဆိုတာနဲ့ဖက်လုံးကိုကလေးနဲ့အဝေးမှာထားပြီးကလေးဘေးမှာကပ်အိပ်ရင်ကလေးကသူကိုခွပြီးအိပ်တက်တယ်ကလေးကအစကသူနဲ့မအိပ်ဘူးငြင်းသေးတယ်ကလေးကိုသူကဖြဲခြောက်ထားလို့ကလေးကသူနဲ့အတူတူအိပ်နေရတာအိပ်ပြီးဆိုတာနဲ့သူဘေးမှာကပ်မအိပ်ဘဲ ကုတင်ဘေးမှာသွားသွားအိပ်တက်တယ်ကလေးအိပ်မောကျသွားမှကလေးကိုသူ့ဘေးကိုပွေ့ပွေ့ချီရတာအမော ကလေးအကျင့်လေးတွေကအစချစ်ဖို့ကောင်းသည်။ ချန်းယောလ် ကလေးနှဖူးလေးကိုငုံနမ်းလိုက်ပြီးရေချိုးခန်းထဲကိုဝင်ရတော့သည်။ ချန်းယောလ်ပြန်ထွက်လာတဲ့အထိကလေးကမနိုးသေးဘူး ချန်းယောလ်အောက်ထပ်ဆင်းလာပြီးကြီးမေနဲ့အလုပ်သမားတွေကို မှာစရာရှိတာမှာပြီးထယ်အိုနဲ့ကုမ္ပဏီထွက်လာလိုက်သည်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

*Park Company *

ဒီနေ့ကုမ္ပဏီဝန်ထမ်းတွေအလုပ်ရှုပ်နေသည် ဒီနေ့ CEOလာမှာဆိုတော့ခဏကြာတောကုမ္ပဏီအရှေ့မှာကားတစ်စီးထိုးရပ်လာသည်

ချန်းယောလ်ကားပေါ်ကဆင်းလာလိုက်သည် ကုမ္ပဏီထဲကိုဝင်လိုက်တော့ဝန်ထမ်းတွေကသူ့ကိုစေ့စေ့တော့မကြည့်ရဲ့ကြဘူးသူလဲအဲ့လောက်ထိဂရုစိုက်တဲ့အထဲမှာမပါဘူးချန်းယောလ်ကအပြုံးအရယ်နည်းသည်ချန်း​ယောလ်မျက်နှာမြင်လိုက်တာနဲ့ဘယ်လောက်ထိအရှိန်အဝါရှိလဲဆိုတာသိသာသည်နောက်ပြီးစီးပွားရေးလောကမှာပတ်ချန်းယောလ်ကဘုရင်တစ်ဆူဘဲလေ ပတ်ချန်းယောလ်ကိုမသိတဲ့လူမရှိဘူး

ချန်းယောလ်Meetingခန်းထဲဝင်လိုက်တာနဲ့

Meeting အခန်းထဲမှာထိုင်နေတဲ့လူတွေအားလုံးချန်းယောလ်ကိုတွေ့တာနဲ့ထပြီးခေါင်းဦးညွန့်ကာနှုတ်ဆက်ကြသည်

အချစ်တွေပျိုးထားတဲ့ အိမ် {Completed }Where stories live. Discover now