Extra🌈

420 36 2
                                    

ကြီးကျယ်ခန်းနားတဲ့ ဟိုတယ်ကြီးအရှေ့တွေ လူအမြောက်အများရောက်ရှိနေကြသည် ။ အဲ့လူတွေကတော့ သတင်းထောက်တွေ ကင်မရာမန်းတွေ နိုင်ငံကျော်အနုပညာရှင် အမြောက်အများနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ကြသည် ။ အဒီကအကြောင်းအရင်းက ကိုရီးယားနိုင်ငံရဲ့ Top-1 ဖြစ်တဲ့ ပတ်ချန်းယောလ်ရဲ့မင်္ဂလာဆောင်အခန်းအနား​​ကြောင့်ဖြစ်သည်။











ချန်းယောလ် တစ်ယောက်အခန်းထဲမှာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက် ဂနာမငြိမ်ဖြစ်နေသည် ။ ငယ်ကို မတွေ့ရတာ တစ်နာရီနဲ့နှစ်ဆယ့်ငါးမိနစ်ရှိနေပြီး ငယ်ကို ပြင်​ပေးစရာရှိတာ ပြင်ပေးမလို့ဆိုပြီးခေါ်သွားတာ အခုချိန်ထိမရောက်လာသေးဘူး ။ သူ လိုက်သွားမယ်ဆိုတော့ အရှေ့ကနေ ထယ်အိုနဲ့ခါအီက လမ်းပိတ်ထားသည်







"Bossသွားလို့မရပါဘူး "






"ငါက ဘာလို့သွားလို့မရကမှာလည်း ငယ်ကိုခေါ်သွားတာ အခုထိပြန်မရောက်သေးဘူး.. ဖယ်"






"မရဘူးနော်Hyung ဂယောင်ဆူးကိုမကြာခင် Hyungတွေ့ရတော့မှာပါ စိတ်ရှည်ရှည်နဲ့ဒီမှာ ထိုင်စောင့်နေ မကြာခင် ခန်းမထဲဝင်ရတော့မှာ"






ချန်းယောလ် ခါအီထိုင်ခိုင်းတဲ့နေရာမှာ ထိုင်ချင်မထိုင်ချင်နဲ့ထိုင်ချလိုက်ရသည် ။ ဖြစ်နိုင်ရင် အချိန်တွေကို မြန်မြန်ကျော်ပြစ်လိုက်ချင်သည် ။ ငယ်ကိုတွေ့ရဖို့ သူ့မစောင့်နိုင်တော့ဘူး












"WooW ငါသူငယ်ချင်းက ချောလိုက်တာ"






"ချစ်ဖို့ကောင်းလိုက်တာ မြေးလေးရယ် "





ဘတ်ခ်ဟွန်းနဲ့ဖွားဖွားအပြောကြောင့် ဂယောင်ဆူးရှက်သွားသည် ။ ခနနေတော့ ဖေဖေကအခန်းထဲရောက်လာသည်






"သား ပွဲစတော့မယ် သွားရအောင်"






"ဂယောင်ဆူး ငါတို့သွားနှင့်မယ်နော်"





"အွန်း"





ဘတ်ခ်ဟွန်းကဖွားဖွားကိုတွဲပြီး အပြင်ထွက်သွားသည် ။ အခန်းထဲမှာ သူ့နဲ့ဖေဖေနဲ့ဘဲ ကျန်ခဲ့သည်






You've reached the end of published parts.

⏰ Last updated: Jun 11, 2022 ⏰

Add this story to your Library to get notified about new parts!

အချစ်တွေပျိုးထားတဲ့ အိမ် {Completed }Where stories live. Discover now