11

311 41 1
                                    

"ဂယောင်ဆူး ကျောင်းမှာအခုမင်းနာမည်ကြီးနေပြီးသိလား"

"ဟမ်"

"ဟုတ်တယ်လေ မင်းလူကြီးက ဟိုရက်ကကျောင်းမှာHeroလုပ်သွားတာ မင်းကိုဘယ်သူမှအနိုင်မကျင့်ရဲတော့ဘူး"

"အာ~~~ကိုကိုကငါကိုစိုးရိမ်လို့ပါ"

"ကိုကိုတဲ့လား..ဟီးဟီး "

"ဘတ်ခ်ဟွန်းလာမစနဲ့နော်"

"စတော့ဘာဖြစ်လဲ မင်းကိုကိုနဲ့တိုင်းမလို့လား မကြောက်ပါဘူး ငါမှာလဲခါခါတစ်ယောက်လုံးရှိတယ်"

"ခါအီကတော့ ဘတ်ခ်ဟွန်းနဲ့ဂယောင်ဆူးကို ဒီတိုင်းဘဲထိုင်ကြည့်နေလိုက်တော့တယ်။ သူလဲ ဘဘတ်ခ်ဟွန်းကိုမနိုင်ဘူးလေး"

"တော်တော့ဘတ်ခ် ဟိုမှာဂယောင်ဆူးရှက်နေပြီး"

"ဂယောင်ဆူး ညနေအတန်းချိန်မရှိဘူး ငါတို့နဲ့ ဂိမ်းဆိုင်လိုက်မလား"

"ငါမလိုက်တော့ဘူး ကိုကိုကုမ္ပဏီသွားရင်ကောင်းမလာလို့လေ ကိုကိုကပြောတယ်ပျင်းရင်ကုမ္ပဏီလာခဲ့တဲ့လေ မင်းတို့ကောလိုက်မလား"

"မလိုက်တော့ပါဘူး မဟုတ်ရင် ငါနဲ့ခါခါက လူပိုကြီးဖြစ်နေအုန်းမယ်"

"အဲ့ဆိုရင်လဲမလိုက်နဲ့"

"မလိုက်ဘူး"

"ဟားဟား "

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

*Park company*

ဂယောင်ဆူး ညနေအတန်းချိန်မရှိလို့ကိုကိုကုမ္ပဏီကိုလာခဲ့သည်။ဖုန်းဆက်ရအောင်လဲဖုန်းကမရှိဘူး။ကုမ္ပဏီကိုရောက်လာမှနောင်တရချင်သွားသည်။ကုမ္ပဏီကအကြီးကြီးဘဲအထဲကိုမဝင်ရဲဘူး။ ဟူး... မထူးပါဘူး ရောက်ပြီးမှတော့မပြန်လှည့်ချင်တော့ဘူး

ဂယောင်ဆူး အထဲဝင်တော့သူကိုကြည့်နေကြသည်။လူကအလိုလိုနေရင်အားငယ်လာသလို့ဘဲ ကို့ကိုကိုမေးရအောင်လဲဘယ်သူကိုမေးလို့မေးရမလဲမသိဘူး။မေးလဲမမေးရဲဘူး

"သခင်လေး"

ဂယောင်ဆူး တွေးနေရင် အကိုထယ်အိုာအသံကြားလို့ပျော်သွားသည်

အချစ်တွေပျိုးထားတဲ့ အိမ် {Completed }Where stories live. Discover now