18

344 46 2
                                    

"ငယ်"

"ဗျာ"

"စိတ်လှုပ်ရှားနေတာလား ငယ် မကြောက်နဲ့နော် ငယ်အနားမှာ ကိုကိုတစ်ယောက်လုံးရှိတယ်"

"ဟုတ်"

ချန်းယောလ်နဲ့ငယ် အခုငယ်အိမ်ကို သွားနေတာဖြစ်သည် ။ ငယ်က သူအိမ်ကိုသွားရမှာ ကြောက်နေသည် ။ ချန်းယောလ် ညထဲက ငယ်အဖေကို သူ့နဲ့ငယ်လာမယ်ဆိုတာပြောထားပြီးသားပါ ။ ငယ်ကိုစိတ်အနှောက်အယှက်မဖြစ်စေချင်တာကြောင့်ကြိုအသိပေးထားပြီးသားဖြစ်သည်

ဂယောင်ဆူး အိမ်ရှေ့ရောက်လာတော့ ပိုပြီးကြောက်လာသည် ။ ဖေဖေက သူကိုမောင်းထုတ်မှာကြောက်သည် ။ နောက်ပြီး ကိုကိုနဲ့သဘောမတူရင်ရော ဘယ်လိုလုပ်ရမလဲ ။ ကိုကိုနဲ့သူမခွဲချင်ပါ ။ မေမေတို့ကကော သူကိုဘယ်လိုထင်မလဲ ယောက်ကျာ်းချင်းကြိုက်တဲ့အကောင်ဆိုပြီး အထင်သေးမှာလား ဒါမှမဟုတ် သူကိုအခြောက်ပိုင်းလုံးကောင်ဆိုပြီး ပြောမှာလား ဖေဖေကကောသူ့ပတ်ဝန်းကျင်မှာ အရှက်ခွဲတဲ့ကောင်ဆိုပြီး မောင်းထုတ်ရင်ကော.....

"ငယ်"


"ငယ်"

ချန်းယောလ် ငယ်အိမ်ရှေ့ရောက်နေပြီးလို့ ငယ်ကိုအသိပေးမလို့ကြည့်လိုက်တော့ ငယ်ကအတွေးလွန်နေသည် ။ တစ်ခုခုကိုလဲကြောက်နေသလိုပဲ ချန်းယောလ် ငယ်လက်လေးကိုဆုပ်ကိုင်လိုက်တော့ ငယ်က သူ့ကိုမော့ကြည့်လာသည်


ဂယောင်ဆူး အတွေးလွန်နေရင် လက်တစ်ဖက်ကနွေးသွားလို့ ကြည့်လိုက်တော့ ကိုကိုဖြစ်နေသည် ။ ဟုတ်သားပဲ  သူ့အနားမှာ ကိုကိုတစ်ယောက်လုံးရှိနေသေးသည် ။ ကိုကိုကတော့ သူကိုထားမသွားလောက်ပါဘူးနော် ကိုကိုမှာလဲပတ်ဝန်းကျင်အတိုင်းအဝိုင်းရှိသေးသည်  ။ ကိုကိုကကောကြာလာရင် ခံနိုင်ရင်ရှိပါ့မလား ။ သူကိုထပ်ပြီးထားသွားခဲ့ရင်ကော သူ့ဘယ်လို့လုပ်ရမလဲ ဟူး...


"ငယ်"

"ကိုကိုက ငယ်အနောက်မှာအမြဲတမ်းရှိနေတယ်ဆိုတာ မမေ့နဲ့နော် ငယ် ။ ပတ်ဝန်းကျင်ဆိုတာကချီးမွမ်းခုနှစ်ရက်။ကဲ့ရက်ခုနှစ်ရက် ကြာလာရင်သူ့တို့မေ့သွားကြကော ကိုကိုကတော့ပတ်ဝန်းကျင်ကို ဂရုစိုက်တဲ့လူမဟုတ်ဘူး ငယ် ။ ငယ်ကို ကိုကိုဘယ်တော့မှ ထားမသွားဘူး ။ ငယ်ကို ကိုကိုကကာကွယ်ပေးမှာ စောက်ရှောက်ပေးမှာ ငယ်လိုချင်တာတွေလုပ်ချင်တာတွေအားလုံး ကိုကိုဖြည့်စည်းပေးမှာ ငယ်"

အချစ်တွေပျိုးထားတဲ့ အိမ် {Completed }Where stories live. Discover now