Chapter 1

858 81 2
                                    

[Unicode]
ထူးဆန်းသော အိပ်မက်(၁)

“ငါ ဒါကို လက်မခံနိုင်ဘူး! ငါ လက်မခံနိုင်ဘူး!
သရဲတစ်ကောင်အနေနဲ့ဆိုရင်တောင်မှ နင့်ရဲ့ဆက်ဆံရေး ဖန်ထည်တစ်ခုလို ကွဲကြေသွားပါလို့ ငါထာဝရ ကျိန်စာတိုက်နေမယ်! တစ်ကောင်နဲ့တစ်ကောင် ဝေးရာကိုပျံသန်းသွားတဲ့ မန်ဒရင်းဘဲတွေလိုမျိုး ဝေးကွာကြပါစေ! "ဒုတိယဇာတ်လိုက်မဟာ သွေးအန်နေရင်း မိုးကောင်းကင်ကြီးကို မျက်နှာမူကာ အော်ဟစ်လိုက်သည်။

"မင်း မလိုမုန်းထားစိတ်နဲ့ အဆင့်မရှိတဲ့ မိန်းမ။ မင်းက ငါ့ရဲ့အမွေဆက်ခံသူကို သတ်ဖို့ ကြံစည်ပြီး ဝမ်းဝမ်ကို ချောက်ချစွပ်စွဲဖို့ ကြိုးစားတယ်။ ဒီအမတ်မင်းက ဒီနေ့ ဒီကိစ္စကို ဖြေရှင်းဖို့ မင်းကို ပိုးခြည်ဖြူ သုံးလက်မ ပေးအပ်မယ်!" အမျိုးသားဇာတ်လိုက်က သူ့ရဲ့လက်ကို အေးစက်စွာ ခါယမ်းလိုက်သည်။

"အားရွှမ် ဒီလို မလုပ်ပါနဲ့!" ကြင်နာသနားတတ်သော အမျိုးသမီးဇာတ်လိုက်က အမျိုးသားဇာတ်လိုက်ရဲ့ အင်္ကျီလက်ကိုဆွဲပြီး သနားစဖွယ် တောင်းပန်တိုးလျှိုတော့သည်။ "သူမကို မသတ်ပါနဲ့!”

“ငါဆိုတဲ့ နျဲ့စန်းယွီ ဆီမှာ ဘာပဲဖြစ်လာလာ နင်နဲ့ မဆိုင်ဘူး။ နင် ငါ့အတွက် တောင်းပန်ပေးဖို့ မလိုဘူး!" ဒုတိယဇာတ်လိုက်မက သူမရဲ့ မျက်နှာပေါ်၌ မျက်ရည်များ စီးကျနေလျက် မိုးကောင်းကင်ကြီးဆီ မျက်နှာမော့ကာ  အချိန်အကြာကြီး ရယ်မောနေ၏။ "ဒါပေမဲ့ ငါ ဒါကို လက်မခံနိုင်ဘူး....ငါ လက်မခံနိုင်...."

ဤစာအုပ်က ရယ်ချင့်စဖွယ် ဇာတ်ဆန်လွန်းသော စာအုပ်ဖြစ်သည်။အကယ်၍ သူမသာ ပိတ်ရက်အတွင်း အိမ်မှာ ပျင်းရိမနေခဲ့လျှင် ကျီမန်ဟာ သူမဖုန်းထဲက light novel website ကိုဝင်မွှေပြီး ဒီဇာတ်လမ်းကို ဖတ်မှာ မဟုတ်ချေ။သို့သော်လည်း သူမဟာ ဒီနေရာထိဖတ်ပြီးနောက် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

ခေတ်သစ် အတွေးအမြင်အရ ဒုတ်ိယဇာတ်လိုက်မ က အမျိုးသားဇာတ်လိုက်ကို အရင်ဆုံး လက်ထပ်ခဲ့တာ ဖြစ်သည်။အမျိုးသမီး ဇာတ်လိုက်ကို နောက်မိန်းမအနေဖြင့် ယူဆသင့်သည်။ သို့သော်လည်း အမျိုးသားဇာတ်လိုက်က ဒုတိယဇာတ်လိုက်မအစား အမျိုးသမီးဇာတ်လိုက်မကိုသာ ချစ်မြတ်နိုးသည့်အတွက် ဒုတိယဇာတ်လိုက်မက နောက်မိန်းမဖြစ်သွား၏။ ဒုတိယဇာတ်လိုက်မ၏ ကောက်ကျစ်သော ဇာတ်ကြောင်းများစွာ၏ အဆုံးသတ်တွင် သူမဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ အမျိုးသားဇာတ်လိုက်၏ အမိန့်ပေးခြင်းကို ခံလိုက်ရသည်။

နွေဦးအနောက်ဆောင်ထဲမှ အိပ်မက်မက်သူ(ဘာသာပြန်) Where stories live. Discover now