Chapter 7

431 70 2
                                    

[Unicode]Chapter 7- ကြက်ခိုးတဲ့ကိုယ်လုပ်တော်တစ်ယောက်

ညပိုင်းမင်္ဂလာဧည့်ခံပွဲအပြီးတွင် နင်းယွီရွှမ်းသည် ဝမ်ဝမ်၏နှုတ်ခမ်းကိုညင်သာစွာနမ်းလိုက်သည်။သူကိုးရိုးကားယားနိုင်စွာနှင့်အလေးအနက်ပြောလိုက်၏ “ မင်းကငါ့အပိုင်ပဲ”

ဝမ်ဝမ်၏ပါးမို့ကလေးမှာအနီရောင်ပြောင်းသွား၏။သူမသည် ပြန်မပြောမှီ သူ့ကို စိန်းစိန်းဝါးဝါးတစ်ချက်ကြည့်လိုက်ပြီး “ ရှင်ကအမတ်မင်းဖြစ်နေတာနဲ့ပဲ ကျွန်မရှင့်ကိုဘာမှမလုပ်နိုင်ဘူးလို့မထင်နဲ့။တကယ်လို့နောင်တစ်ချိန်မှာ ရှင်အခြားတစ်ယောက်နဲ့ချစ်ကျွမ်းဝင်သွားမယ်ဆိုရင် ကျွန်မထွက်သွားမှာ ! ”

ဟုန်းကျွယ်မော့ယွီသည် ခပ်အုပ်အုပ်ရယ်လိုက်၏။သူသည် သူမ၏လက်ကိုဆုပ်ကိုင်လိုက်ပြီး သူ့ရင်ဘတ်ပေါ် တင်လိုက်သည်။ “ ကိုယ့်မှာမင်းရှိနေတယ်လေ။ကိုယ်က ဘယ်လိုလုပ်ပြီး နောက်တစ်ယောက်ကိုချစ်နိုင်တော့မှာလဲ? ဒီအိမ်တော်တစ်ခုလုံးမှာ မင်းတစ်ယောက်ထဲကသာ ကိုယ့်နှလုံးသားထဲကလူပါကွာ။ ကိုယ့်ကိုယုံရဲ့လား ? “

ဝမ်ဝမ်သည် သူ့ထံ သတိပေးသည့်အကြည့်တချက် ပစ်လွှတ်လိုက်သည်။ထို့နောက် သူ၏အပွေ့အဖက်အောက်တွင် နာခံကျိုးနွံစွာ လဲလျောင်းလိုက်၏။အမတ်မင်း၏အိမ်‌တော်ထဲတွင် အမျိုးသမီးများစွာရှိသည်။

မနက်ဖြန်ကစပြီး သူမက အမတ်မင်းရဲ့ဇနီးဖြစ်ဖို့ထိုက်တန်တဲ့ သူတစ်ယောက်ဖြစ်လာ‌ရမယ်။သူမ၏မိသားစုနောက်ခံအင်အားက မကောင်းပေမယ့် သူမကတော့မကြောက်ဘူး။ယွီရွှမ်း၏နှလုံးသားက သူမနဲ့သက်ဆ်ိုင်နေသ၍အဆင်ပြေလိမ့်မယ်။

“အိပ်တော့ “ နင်းယွီရွှမ်းကသူမ၏နဖူးကိုနမ်းလိုက်သည်။

ဝမ်ဝမ်သည်ခေါင်းငြိမ့်လိုက်၏။သူမ မျက်လုံးတွေမှိတ်တော့မည့်အချိန်မှာပဲ အပြင်ဘက်မှဝရုန်းသုန်းကားအသံတွေကိုရုတ်တရက်ကြားလိုက်ရသည်။

“ မီး ! “

အံ့အားသင့်ပြီးလန့်ဖျပ်သွားသဖြင့် ဟုန်းကျွယ်မော့ယွီသည် ပက်လက်လှန်ပြီး ထထိုင်လိုက်သည်။သူသည်အကျီဝတ်လိုက်ကာ တံခါးဖွင့်လိုက်၏ “ ဘာဖြစ်တာလဲ ?”

နွေဦးအနောက်ဆောင်ထဲမှ အိပ်မက်မက်သူ(ဘာသာပြန်) Where stories live. Discover now