Chapter 5

429 63 1
                                    

ခေါင်းလောင်းထိုးရင် မင်းဒူးထောက်ရမယ်

အခမ်းအနားကျင်းပသည့် အရာရှိက အခမ်းအနားကိုစတင်လိုက်သည်။ဟုန်းကျွယ်မော့ယွီက အခန်းထဲသို့ဝင်လာရင်း သူမကိုတချက်သာကြည့်လိုက်၏။အဆုံးတွင်တော့ သူ့ရဲ့အကြည့်က ခေါင်းကိုဇာပုဝါအုပ်ထားသည့် သတို့သမီးထံရွေ့သွားကာ သူ့ရဲ့မျက်လုံးတို့က ပြန်လည်နွေးထွေးနူးညံ့သွား၏။ကျီမန်က ဆက်ဆံပုံကွာခြားနေမှုက်ိုမတွေးမိဘဲ မနေနိုင်တော့ချေ။နျဲ့စန်းယွီက အစွန်းရောက်တဲ့ အရူးမတစ်ယောက်အဖြစ် ပြောင်းလဲသွားတာ အံ့ဩစရာတော့မရှိပါဘူး။ဟိုနားမှာရပ်နေတဲ့ သေးသေးသွယ်သွယ်နဲ့ ကျော့ရှင်းတဲ့ သတို့သမီးကိုကြည့်လိုက်ပါအုန်း။ သူမက သူမတူအောင်အသေးစိတ်ပြင်ဆင်ထားတဲ့ ကြက်သွေးရောင် မင်္ဂလာဝတ်စုံကိုဝတ်ဆင်ထားသည်။ဒီဝတ်စုံပေါ်က ပန်းထိုးထားတာတွေကို မင်္ဂလာဆောင်အတွက် အချိန်မှီပြီးစီးဖို့ အမျိုးသမီးများစွာက မြန်မြန်ဆန်ဆန်လုပ်ခဲ့ရမှာပဲ။

ပိုမြင့်‌သည့်နေရာတွင်ထိုင်နေရင်း ဧကရီက ထိုကြင်စဦးဇနီးမောင်နှံကိုကြည့်လိုက်သည်။သူမမျက်နှာက သိသိသာသာကိုပျော့ပြောင်းသွား၏။သူမက ဤထိမ်းမြားမှုကို အတော်လေးသဘောတွေ့ပုံပင်။

သတို့သမီးဖြစ်သူ ဝမ်ဝမ်က သာမန်ဆန်သည့်မိသားစုလေးတွင်မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ဒုတိယအမျိုးသမီးဇာတ်လိုက်ကို ဝတ္ထုတွင် မိတ်မဆက်မှီက ဝမ်ဝမ်က ဟုန်းကျွယ်မော့ယွီနှငိ့ အတူတကွ စမ်းသပ်မှုနှင့် အတိဒုက္ခတို့ကို ရင်ဆိုင်ခဲ့ပြီးပြီဖြစ်သည်။အခုတော့ အနောက်ဆောင်ထဲကအမျိုးသမီးတွေကြား ပဋိပက္ခဖြစ်လာတော့မည့် ဇာတ်ကွက်ထဲကို သူတို့ဝင်လာပြီဖြစ်သည်။ တတိယလူရှူထောင့်ကနေကြည့်ရသည်ကတော့ သူမက အခု အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်ကြား တိုးတက်မှုကို လမ်းဖွင့်ပေးမည့် ဒုတိယအမျိုးသမီးဇာတ်လိုက်လေးပင်။ဒီကနေပြီးရှေ့လျောက် ဝတ္ထုရဲ့အတက်အကျတွေမှာ သူမကဇာတ်ပို့အခန်းကဏ္ဍအနေနဲ့ ပါဝင်ကပြရတော့မှာဖြစ်၏။

သူမကိုယ်တိုင်အတွက် နေရာမှန်ကို ဆုံးဖြတ်ပြီးနောက် ကျီမန်က ဘာမှစိတ်ပူစရာမရှိပေ။ နျဲ့စန်းယွီက အဆုံးမှာသတ်သေဖို့အမိန့်ပေးခံရသည်က သူမက တခြားလူကိုထိခိုက်စေခဲ့လို့ဖြစ်သည်။ သူမက ဘယ်ဇာတ်ကြောင်းကိုမှ ကြိတ်ကြံစည်ဖို့ စိမ်ပြေနပြေစိတ်ထား ရှိမနေတဲ့အတွက် သူမရဲ့ဘဝလေးကို သူမထိန်းသိမ်း‌နိုင်လောက်ပါရဲ့ ။

နွေဦးအနောက်ဆောင်ထဲမှ အိပ်မက်မက်သူ(ဘာသာပြန်) Where stories live. Discover now