Chapter 6

430 59 3
                                    

[Unicode]Chapter 006 –ဇာတ်သိမ်းအား ပြောင်းလဲ၍မရနိုင်ပေ။

လက်ဖက်ရည်ပူများသည် အိမ်တော်သခင်မအသစ်
ပေါ်သို့ ဖိတ်စင်သွားကာ ကျီမန်၏လက်‌ပေါ်ကိုလည်း အပူလောင်သွားသည်။အနီးနားကလူတစ်ယောက်က အော်ဟစ်လိုက်ပြီး ပင်မခန်းဆောင်မှာ ရုတ်တရက် ဖရိုဖရဲအနေထား ဖြစ်သွား၏။

ဝမ်ဝမ်သည် တစ်ခဏမျှ ထိတ်လန့်မွှန်ထူသွားခဲ့သည်။သူမအသိစိတ်ပြန်ဝင်လာပြီး ဖရိုဖရဲဖြစ်နေသောမြင်ကွင်းကို မြင်လိုက်သောအခါ
လိမ္မာပါးနပ်သောစကားများကို အလျင်စလိုပြောလိုက်၏ " အဆင်ပြေပါတယ်၊ ဒါက မတော်တဆမှုတစ်ခုပါပဲ ဒီလောက်ကြီးစိုးရိမ်တကြီးဖြစ်ဖို့ မလိုပါဘူး၊ ဒါက လက်ဖက်ရည်‌လေးတစ်ခွက်ပါပဲ၊ ကျွန်မဂါဝန်က အရမ်းထူပါတယ် "

ကျီမန်သည် ဘယ်ဘက်လက်ကို ဆုပ်ကိုင်လိုက်ပြီး
ဘေးတွင်ရပ်နေ၏။ သူမတွေးလိုက်သည်က- တခြားသူတွေကို ထိခိုက်အောင်ငါဘာမှ မလုပ်ဖူးဘူး ဒါပေမယ့် တခြားသူတွေကတော့
ငါ့ကို ထိခိုက်စေချင်နေတယ် ။ သူမ လုံးဝကို ဘာမှမလုပ်ခဲ့ရဘူး။ သူမရဲ့ဒူးတွေက ရုတ်တရက်ကြီး ဘာကြောင့်များနာကျင်လာရတာတုန်း?

အနီးနားရှိအမျိုးသမီးများကို သူမ တစ်ချက်ကြည့်လိုက်သည်။ လူတိုင်းက‌ ‌တောင့်တင်းနေပုံပေါ်ကာ တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေကြသည်။ဒီလှည့်ကွက်ကိုဘယ်သူလုပ်ခဲ့တာလဲ ဒါမှမဟုတ် သူမအဲ့တာကိုဘယ်လိုလုပ်ခဲ့တယ်ဆိုတာ သူမ,မပြောနိုင်ဘူး။ကျီမန်က သူမ
ရှေးခေတ်ဥာဏ်ရည်ဥာဏ်သွေးများကို အမှန်တကယ် လျော့တွက်ခဲ့မိသလို ခံစားနေရသည်။

အထက်တန်းဧည့်သည့်အများအပြား ရှိနေသော
ကြောင့် ဟုန်းကျွယ်မော့ယွီသည် ဒေါသတကြီးမပေါက်ကွဲ
နိုင်ပေ။ သူက ကျီမန်ကို အေးတိအေးစက်ဖြင့်ကြည့်လိုက်ကာ သတို့သမီးအထိန်းတော်အမျိုးသမီးကြီးအား သတို့သမီးကို မင်္ဂလာအိပ်ခန်းထဲသို့
ခေါ်ဆောင်သွားခိုင်းရန်သာ တတ်နိုင်တော့သည်။

ကျီမန်သည် သူမ၏သတ္တိကို စုစည်းလိုက်ကာ မတ်တပ်ရပ်လိုက်သည်။ အခါအခွင့်သင့်သည့် အခွင့်အရေးရှိလျှင် အမတ်မင်း
မော့ယွီက သေချာပေါက်လက်စားချေမည်ကို
သူမသိသည်။ သူမက နျဲ့စန်းယွီ၏စိတ်နေစိတ်ထားကို နာခံမှုရှိစွာဖြင့်ပြောင်းလဲခဲ့ပြီးဖြစ်ကာ  ဇာတ်ကြောင်းက ပြောင်းသွားခဲ့သည်။ဒါဆို ဘာလို့များ ရလဒ် တူနေရသေးတာလဲ?နျဲ့စန်းယွီသည် ဆက်လက်ချုပ်နှောင်
ခံထားရဆဲဖြစ်သည်။

နွေဦးအနောက်ဆောင်ထဲမှ အိပ်မက်မက်သူ(ဘာသာပြန်) Where stories live. Discover now