Chapter 3

469 64 2
                                    

မင်းဒီမှာရှိနေတဲ့အတွက် မင်းလည်း ဒါကို လက်ခံကောင်းလက်ခံလိမ့်မယ်(1)

" ဒီတစ်ခုကအဆင်ပြေတယ် " ကျီမန်က အလယ်တွင်ရင်စည်းအဝါရောင်နှင့် အစိမ်းဖျော့ရောင်ဂါဝန်အရှည်ကို ညွှန်ပြလိုက်သည်။ ထိပ်ဖက်တွင် အဖြူရောင် လက်ဝကျယ်နှင့် ပေါင်းစည်းထားသည်။

( ကျီမန်၏ဝတ်စုံက အောက်ကပုံ‌ေတွနဲ့ ဆင်ပါတယ် )

မုရွှီက ခေါင်းညိမ့်ကာ ဝတ်စုံကိုယူလိုက်ပြီး အဝတ်လဲရန် သူမကိုကူညီလိုက်သည်။ကျီမန်ကမှန်ကြည့်ပြီးနောက် နျဲ့စန်းယွီ၏ ရတနာသေတ္တာကိုဖွင့်လိုက်ကာ နဂါးသွဲ့ဆံညှပ်နှစ်ခုနှင့် ငွေရောင်ပန်းပွင့်ဆံညှပ်တစ်ခုကို ရွေးချယ်လိုက်၏။ သူမ၏မျက်ခုံးကြားရှိ ရွှေရောင်ပန်းပွင...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မုရွှီက ခေါင်းညိမ့်ကာ ဝတ်စုံကိုယူလိုက်ပြီး
အဝတ်လဲရန် သူမကိုကူညီလိုက်သည်။ကျီမန်က
မှန်ကြည့်ပြီးနောက် နျဲ့စန်းယွီ၏ ရတနာသေတ္တာကို
ဖွင့်လိုက်ကာ နဂါးသွဲ့ဆံညှပ်နှစ်ခုနှင့် ငွေရောင်ပန်းပွင့်ဆံညှပ်တစ်ခုကို ရွေးချယ်လိုက်၏။ သူမ၏မျက်ခုံးကြားရှိ ရွှေရောင်ပန်းပွင့်အမှတ်အသားနှင့်အတူ၊
ဤပုံစံအဝတ်အစားနှင့်အဆင်တန်ဆာသည် နျဲ့စန်းယွီကို ပိုမိုစိတ်အားထက်သန်ပုံ‌ေပါ်လာစေသည်။

နျဲ့စန်းယွီသည် အလွန်လှပ၏။ သူမ၏နှုတ်ခမ်းများသည် မပြင်မဆင်ထားဘဲ‌ေတာင် ကြက်သွေးရောင်လွှမ်းနေကာ သူမပြုံး‌နေချိန်တွင် သူမက အနည်းငယ်ချစ်စရာကောင်းသည်။ သူမ၏ယခင်ဝတ်စုံသည် အမှန်တကယ်‌ ကြောက်မက်ဖွယ်ကောင်း‌ေနခြင်း‌ေကြာင့်သာပင်။ အကယ်၍သာသူမ၏အဖြူရောင်အဝတ်များကိုဝတ်၍ အိမ်တော်သခင်မအသစ်ကိုတွေ့ရန်ထွက်သွားခဲ့လျှင် ၎င်းက ‌‌နောက်ဆုံးခရီးက်ိုလိုက်ပို့‌ပေးသည်နှင့် တူ‌ေနလိမ့်မည်ဖြစ်ကာ အမျိုးသားဇာတ်လိုက်က သူမကို သေချာပေါက် အပြစ်ပေးလိမ့်မည်။

အချိန်အများစုတွင် ဒုတိယအမျိုးသမီးဇာတ်လိုက်၏
သေဆုံးမှုများက ၎င်းတို့ကိုယ်တိုင်လုပ်ရပ်များ၏ ရလဒ်သာဖြစ်သည်။ကျီမန်ကသူမကငြိမ်သက်အေးချမ်းသော
အဝါရောင်ပန်းကလေးဖြစ်ရမည်ဟု ဆုံးဖြတ်ထားသည်။ ကံဆိုးမိုးမှောင်ကျပြီး‌သေဆုံးမှုကိုရန်စမိစေမည့်
မည်သည့်အရာကိုမျှ သူမ လုပ်မည်မဟုတ်ပေ။

နွေဦးအနောက်ဆောင်ထဲမှ အိပ်မက်မက်သူ(ဘာသာပြန်) Where stories live. Discover now