Chapter 2

506 69 0
                                    

ထူးဆန်းသောအိပ်မက် (၂)

မုရွှီက သူမရဲ့လက်ကို ပြန်ရုတ်လိုက်သည်။ သူမ၏ခန္ဓာကိုယ်က  တစ်ခဏကြာ တုန်ယင်နေကာ မှန်တင်ခုံဘေးတွင် ဒူးဆက်ထောက်နေ၏။ သူမ စကားတခွန်းမှမဟရဲပေ။

ကျီမန်က အိပ်ဖို့ရာ အိပ်ယာဆီသို့ပျော်ရွှင်စွာသွားလိုက်သည်။
သို့သော်လည်း အိပ်မက်က အလွန်လက်တွေ့ဆန်လှ၏။အခန်းထဲက အမွှေးနံ့သာနံ့ကိုေတာင် ရကာ နူးညံ့နွေးထွေးသည့်စောင်က အိပ်မောကျရန်လွယ်ကူစေသည်။

မိန်းမောတွေဝေလျက်အိပ်ပျော်တော့မည့်အချိန်လေးတွင် သူမဟာ အသံကျယိကြီးတစ်သံကိုကြားလိုက်ရသည်။ "ကိုယ်လုပ်တော် စန်းယွီ အမတ်မင်းက သခင်မကို တွေဆုံခန်းထဲလာခိုင်းလိုက်ပါတယ်။ သခင်မအသစ် ရောက်လာပါပြီ။သခင်မ ဒီကိစ္စကို ပုန်းနေပြီးရှောင်လွဲလို့မရပါဘူး"

ဒီအသံက တကယ်ကို နားဝင်မချိုလှပေ။ ကျီမန်က သူမရဲ့မျက်လုံးကိုဖွင့်ဖို့ ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးလိုက်ပြီး ကြယ်သီးတပ်ထားသည့်အပြာေရာင် အပေါ်ထပ်ကိုဝတ်ထားသော အစေခံအိုကြီးကိုကြည့်ရန် ထထိုင်လိုက်သည်။ သူမ ဒီအစေခံအိုကြီးကို မှတ်မိသည်။ အမတ်မင်းရဲ့ေန့စဥ်ဘဝ လုပ်ငန်းဆောင်တာတွေကို ဂရုစိုက်ရန် ဧကရီက သူမကိုပို့ပေးခဲ့ခြင်းပင်။ သူမ၏မျိုးရိုးနာမည်က လျိုဖြစ်သည်။

ကျီမန်က သူမရဲ့ခေါင်းကိုပွတ်ကာ မပျော်မရွှင်အသံဖြင့် ပြောလိုက်၏ "သူတို့ရဲ့သခင်ကိုအော်တဲ့ ရှင့်လို အစေခံတွေက ရှိသေးတာလား? "

အိပ်မက်မက်နေတာဆိုလျှငိတောငိမှ သူမဟာ အလွယ်တကူအနိုင်ကျငိ့လို့ရသည့် သူမဟုတ်ပေ။ နျဲ့စန်းယွီက လူတစ်ယောက်အနေနှင့်တော့ အရှုံးသမားပင်။ သူမက သူမကိုယ်သူမသတ်သေရန် ပိတ်စဖြူကို ချီးမြင့်ခံခဲ့ရပြီး အခုတော့ တစ်စုံတစိယောက်က သူမဝမ်းနည်းနေသည့်အချိန်တွင် သူမကိုဆိုးရွားစွာဆက်ဆံနေသည်။ နျဲ့စန်းယွီက လူကြိုက်များသည့်အထောကိအပံ့ကို မကြိုက်ကြောင်း သူမတွေ့နိုင်သည်။

(T/N- ရှုပ်နေမှာစိုးလို့ပါ။ ပိတ်စဖြူအပိုင်းက ကျီမန်ဝတ္ထုကိုဆက်မဖတ်တော့တဲ့အပိုင်းပါ။ သူမက ဝတ္ထုရဲ့အစမှာ စတင်နေပြီဖြစ်ကြောင်းကို မသိသေးပါဘူးနော်)

နွေဦးအနောက်ဆောင်ထဲမှ အိပ်မက်မက်သူ(ဘာသာပြန်) Where stories live. Discover now