Chapter 4

448 63 0
                                    


မင်းဒီမှာရှိနေတဲ့အတွက် မင်းလည်း ဒါကို လက်ခံကောင်းလက်ခံလိမ့်မယ် ( 2 )

အခန်းသည်အတော်အတန်ကြာတိတ်ဆိတ်သွား၏။ အဆင့်မြင့်ကိုယ်လုပ်တော်နှစ်ဦးစလုံး စကားမပြောကြပေ။အဲဒီအစား ဘယ်ဖက်အစွန်ဆုံးတွင်ထိုင်နေသော ခရမ်းနှင့်အဝါစပ်ဂါဝန်ရှည်ဝတ်ထားသည့်အမျိုးသမီးက အရင်ဆုံး စကားစပြောလာ၏။" အိုး အစ်မကြီးကတောင်ကျွန်မတို့ကို အရိုအသေပေးရတဲ့နေ့ဆိုတာ ရှိလာတာပဲ။အိပ်မက်ထဲမှာတောင် ဒီလိုဖြစ်လာဖို့ ကျွန်မမမျှော်လင့်ထားခဲ့ဘူး"

ကျီမန်ဟာ သူမကိုတစ်ချက်ကြည့်လိုက်သည်။ဤအမျိုးသမီးက လွန်စွာထူးခြားလှသည်။သူမသည် သူမနှင့်အဆင့်အတန်းတူညီသည့် နိမ့်ကျသော (အဆင့်နိမ့်) ကိုယ်လုပ်တော်တစ်ဦးဖြစ်ကာ နဂိုမူလက ပြည့်တန်ဆာတစ်ယောက်လည်းဖြစ်ခဲ့ဖူးသော်ငြား အဆင့်မြင့်ကိုယ်လုပ်တော်များ၏ အပြောကိုမစောင့်ဘဲ စကားပြောရဲလေသည်။သူမရဲ့နာမည်ကဘာရယ်?မုရှုချင်?

မုရှုချင်ကို အိမ်ရှေ့စံမင်းသားက ဟုန်းကျွယ် မော့ယွီထံ ပေးအပ်ခဲ့တာဖြစ်သည်။ထို့ကြောင့်သူမတွင်နောက်ခံကောင်းရှိသည့်အတွက် သူမကိုကြည့်ရသည်မှာအနည်းငယ် ပို၍အရှက်မရှိမျက်နှာပြောင်တိုက်ဟန်ပေါက်နေသည်။

မည်သို့ပင်ဖြစ်စေ အခြားအမျိုးသမီးတွေအားလုံးကသူမကိုဘာမှမလုပ်နိုင်ပေ။ ထိုအမျိုးသမီးနှင့်နျဲ့စန်းယွီီတို့နှစ်ယောက်မှာ ရေနှင့် မီးကဲ့သို့လုံးဝ အစေးမကပ်သည်ကို ကျီမန်တစ်ယောက် မှတ်မိလေသည်။သူတို့ထဲမှ တစ်ယောက်က တခြားတစ်ယောက်ကို တွေ့ပြီဆိုလျှင် သေချာပေါက် တစ်ယောက်ကိုတစ်ယောက်ခွေးတွေလို ကိုက်ကြလိမ့်မည် ဖြစ်သည်။

မုရှုချင်က လက်ဦးမှုယူ လိုက်သည်နှင့်ကျန်တဲ့အမျိုးသမီးများက ဘာမှမပြောကြတော့ပေ။အဆင့်မြင့်ကိုယ်လုပ်တော်နှစ်ဦးသည်လည်း သူမ အရိုအသေပေးပြီးနောက် ပုံမှန်အတိုင်းပြန်နေဖို့ သူမကို အချက်မပြကြပေ။ကျီမန်ကသာ ပုံမှန်အတိုင်းပြန်ရပ်ဖို့ ဆုံးဖြတ်လိုက်ရတော့သည်။

ထို့နောက် သူမသည် မုရှုချင်အားတစ်ချက်လှမ်းကြည့်လိုက်ပြီးပြောလိုက်သည် " ညီမလေး အဲဒီစကားတွေကမှားတယ်။ကံကြမ္မာစက်ဝန်းက အမြဲပြောင်းလဲနေတာ။ဘယ်သူမဆိုခေါင်းငုံ့ရမယ့် နေ့ဆိုတာရှိလာမှာပဲ မဟုတ်ဘူးလား။ခေါင်းငုံ့ရမယ့်အချိန်ရောက်လာရင်တော့ ငုံ့သင့်ရင် ငုံ့ရမှာပဲ။ခုချိန်မှာ အဆင့်မြင့်ကိုယ်လုပ်တော်တွေက အစ်မထက် အဆင့်အတန်းပိုမြင့်ကြတယ်။အစ်မအတွက်တော့ အဆင့်မြင့်ကိုယ်လုပ်တော်တွေကို နှုတ်ဆက်ဖို့ အရိုအသေပေးရတာက သာမန်ထက် ပိုစရာအကြောင်းမရှိနိုင်ပါဘူး။ ဒါကြောင့် အံ့ဩနေစရာ မလိုပါဘူး။"

နွေဦးအနောက်ဆောင်ထဲမှ အိပ်မက်မက်သူ(ဘာသာပြန်) Where stories live. Discover now