Chapter 8

801 77 10
                                    


နျဲ့စန်းယွီ၏ဆန္ဒ

ကြောက်ရွံကာ မုရွှီတစ်ယောက် တုန်လှုပ်သွားသည်။ သူမဟာ ကြာရွက်ကို အလျင်အမြန်ထုပ်ပိုးလိုက်ပြီး
အပြင်ဆောင်၏ ကွပ်ပျစ်ပေါ်တွင် ဝင်ထိုင်လိုက်သည်။သူမသည် ကြက်သားဟင်းနှင့်ထမင်းကို
အလုတ်သေးသေးလေးဖြင့် တစ်လုတ်ချင်းစီသာ စားခဲ့သည်။သူမ စားပြီးသည်နှင့်နျဲ့စန်းယွီကို ကြည့်ရှုစစ်ဆေးရန် သူမ၏ခေါင်းကိုလှည့်လိုက်သည်။

သူမ၏သခင်မသည် ထမင်းစားပွဲတွင် ရှိရမည့် အလေ့အကျင့်၏ အရိပ်အယောင် စိုးစဉ်းမျှ မရှိဘဲ သူမ၏ထမင်းကို လောဘတကြီး
စားသောက်နေသည်။ လက်တစ်ဖက်ဖြင့် ကြက်ခြေထောက်ကိုကိုင်ထားလျက် သူမ၏မျက်နှာတွင်
ထမင်းလုံးများတောင် ကပ်နေသေးသည်။ သူမသည်အမှန်တကယ်ပင် တောပုန်းဓားပြနှင့် တူနေသည်။
မုရွှီ၏စိုက်ကြည့်နေမှုကို သတိပြုမိိသောအခါ
သူမ၏ခေါင်းကိုမော့ကာ နတ်ဆိုးတစ်ကောင်ကဲ့သို့ သူမကိုကြည့်လိုက်သည်။" ကိုယ့်ထမင်းကိုစားပါ "

မုရွှီသည် တလှပ်လှပ်တုန်လှုပ်သွားသည်။ သူမ၏ခေါင်းကို အလျင်စလိုငုံ့လိုက်ပြီး ဆက်လက်
မကြည့်ဝံ့တော့ပေ။ သူမအထင်အမြင်လွဲနေသည်မှာဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူမ၏သခင်မသည်
ယခင်ကထက် ပိုမိုနူးညံ့လာသည်ဟု သူမခံစား‌နေရသည်။ သို့သော် သူမ ကြမ်းတမ်းစွာပြုမူလာသောအခါတွင် သူမ၏အကြည့်များသည် ယခင်အတိုင်းပင်။

ကျီမန်သည် ကြက်သားနှင့်ထမင်းကိုစားပြီးနောက်
သူမ၏ လောလောလတ်လတ်အခြေအနေနှင့်
ပတ်သတ်၍ ပိုမိုစ်ိတ်ကျေနပ်လာသည်ဟု စတင်ခံစားနေရသည်။ သူမသည် စားသောက်ပြီးနောက် စားကြွင်းစားကျန်များကို သန့်ရှင်းရေးလုပ်ရန် မုရွှီနှင့် ထားခဲ့ပြီး ပြန်အိပ်ရန် သွားလိုက်သည်။

--------

ကျီမန်သည် ဤမရင်းနှီးသောကမ္ဘာမှ သူမ၏ပထမဆုံး ညတွင်  မမျှော်လင့်ဘဲ နျဲ့စန်းယွီကို အိမ်မက်မက်ခဲ့သည်။

သနားစရာကောင်းပြီး မုန်းစရာကောင်းသောအမျိုးသမီးသည် သူမ၏ လူသေကောင်တစ်ယောက်လို ဖြူဖျော့နေသော မျက်နှာဖြင့် ကျီမန်၏ အိပ်မက်ထဲတွင် ပေါ်လာ၏။" ငါ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ နင်က ငါ့အတွက် ဒီနေရာကိုရောက်လာခဲ့တာပဲ၊ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အခါ ငါက ပြန်ဝင်စားဖို့ ထွက်သွားမယ်။ ပြီးရင် နင်က ပြန်သွားလို့ရပြီ " ဟု သူမက တည်ငြိမ်စွာပြောလ်ိုက်သည်။

You've reached the end of published parts.

⏰ Last updated: May 18, 2022 ⏰

Add this story to your Library to get notified about new parts!

နွေဦးအနောက်ဆောင်ထဲမှ အိပ်မက်မက်သူ(ဘာသာပြန်) Where stories live. Discover now